စက်ဘီးတစ်စီးညအမှောင်အောက်မှာသွားလာနေသည်မြို့ပျက်ကြီးလိုထြစ်နေတဲ့နေရာဟာလွန်ခဲ့တဲ့ရက်တွေတုန်းကမှသာသာယာယာရှိခဲ့သည်
ကားတွေဟာဆင့်တိုက်ထားတာမို့တစ်စစီဖြစ်နေ၏
သူတို့စောစောကစက်ဘီးအကောင်းတတစ်စီးလဲနေတာရှာတွေ့လာခြင်းသာဒီအနားမှာတော့ဇွန်ဘီကောင်တွေမရှိသေးဘူးဆင့်တိုက်ထားတဲ့ကားတွေပဲရှိပြီးပတ်ဝန်းကျင်ကခြောက်ကပ်နေသည်
"အိမ်ပြန်မသွားဘူးလား"
"မီးရှို့လိုက်ပြီ"
"ဘာအဲ့လောက်တန်ဖိုးကြီးတဲ့အိမ်ကြီးကိုလေ"
"ငါ့မှာပိုင်ဆိုင်မှုတွေအများကြီးပဲ"
"ငကြွား ခင်ဗျားက"
တရွေ့ရွေ့သွားနေတဲ့စက်ဘီးပေါ်တွင်Hyunjinကအရှေ့ကနင်းပြီးအနောက်ကFelixထိုင်နေသည်ကလေးတွေရှိနေတာမို့ခွထိုင်လို့မရပဲတေစာင်းသာထိုင်ရ၏
အိပ်နေကျပြန်တဲ့ကလေးတွေကြောင့်သူတြိုနှစ်ယောက်အငြင်းပွားသံသာထွက်နေ၏Felix အစကအိမ်ပြန်ပြီးရိက္ခာသွားယူပြီးမှာမြို့ထဲသွားမယ်ထင်လို့အခုတော့မြို့ထဲတိုက်ရိုက်သွားနေတာ ဘာလို့လဲဆိုအိမ်ကြီးမီးရှို့လိုက်ပြီတဲ့ ဘယ်လောက်တောင်တန်ဖိုးကြီးလိုက်တဲ့အိမ်ကြီးလဲ နန်းဆောင်ပုံစံတွေကအစလုပ်ထားတာ ပြီးတော့ ရွှေတွေနဲ့လုပ်ထားတဲ့နဂါးပုံတွေ
"ဒီလိုမှန်းသိရွှေတွေခွာခဲ့ပါတယ် ခင်ဗျားတကယ်လုပ်ရက်တယ်"
"မင်းပါးစပ်ပိတ်ထားလိုက်တော့ အကောင်လိုက်ကြီးတွေအိမ်ထဲဝင်နေတာကို လီးစကားတွေပြောနေတယ်
မင်းကိုဂျပန်ကနေတိုက်ရိုက်မနားပဲရှာခဲ့တာနည်းနည်းလောက်အားနာလို့မရဘူးလား!!"
Hyunjin စိတ်တိုလာပြီ သူကစိတ်ပူပြီးဘယ်လိုအပူတပြင်းရှာခဲ့ရလဲ
ဒီကောင်ကပေါ့ပေါ့တန်တန်ပြောနေသည်"သေမလို့ဆဲတာလား ကလေးတွေအိပ်နေတယ်"
Felix သည်အိပ်နေတဲ့ကလေးတွေကိုနားအုပ်ထားကာ
နောက်ကပြန်ပြောနေသည် စက်ဘီးတစ်စီးပေါ်တွင်ငြင်းခုန်နေကျတဲ့ယောကျာ်းဆန်တဲ့ယောကျာ်းနှစ်ယောက်သည် အဆဲတော့ထဲကမလွတ်တော့ ထမထိုးတာကံကောင်း