ဂူထဲကထွက်လာကျပြီညဘက်ဖြစ်တာမို့ အသံအကျယ်ကြီးမထွက်သရွေ့ကိုယ်ဖော့ပြီးလှုပ်ရှားတာလောက်တော့ရနေသည်
HyunJinသည်အရှေ့ကနေဓားကိုကျစ်ကျစ်ပါအောင်ကိုင်ပြီးတက်နေသည် လက်တွေကိုမကိုက်နိုင်အောင်တိတ်ကပ်တာအကောင်းဆုံးနည်းပေမဲ့အခုတော့ဆေးသေတ္တာထဲကပတ်တီးတွေကိုထူထူစီးထားပြီးအနွေးထည်အပွကိုထပ်ထားကာဆံပင်တွေကိုသေချာစည်းထားရသည်
ကံကောင်းတယ်ပြောရမည် Felix သူ့အိမ်မှာလာနေတုန်းကပထမဝတ်စရာမရှိတုန်းသူ့အင်္ကျီတွေပေးထားတာဖြစ်သည်အပိုင်ယူဝတ်နေတဲ့အခါ သူ့အခန်းထဲပါရောက်နေတာမို့တစ်ခါထဲပါလာတာ Felix အင်္ကျီသေးသေးလေးဆိုဝတ်လို့တော့ရပေမဲ့ကျပ်နေမှာချောင်ချောင်ချိချိရှိနေလို့အဆင်ပြေသည်
လမ်းမကြီးေပါ်တည့်တည့်တက်ပြီးကယ်ဆယိရေးစခန်းဆီအရောက်သွားရမှာဖြစ်၏ အရင်ဆုံးဒီတောထဲကထွက်ရမည် ရေတံခွန်ကထွက်ထွက်ချင်းတောထဲဘက်မှာအကောင်ရေသိပ်မများပေမဲ့ လမ်းမပေါ်တက်တဲ့အခါအကောင်ရေကတဖြည်းဖြည်းများလာ၏
မျက်မမြင်တေွလိုစူးစမ်းနေတဲ့သွေးသံရဲရဲကောင်တွေဟာလမ်းမပေါ်မှာပျံ့ကျဲလို့ကလေးတွေကေတာ့ညဘက်မို့လို့ဆော့ထားပြီးမောပြီးအိပ်နေတာဇွန်ဘီကောင်ကြီးလာကိုက်ရင်တောင်သိမှာမဟုတ်ဘူး လွယ်အိတါထဲမှာခေါင်းတောင်ငိုက်စိုက်ပြီးအိပ်နေတာမို့ခေါင်းလေးတွေကိုထိန်းရတာလဲFelixအလုပ်တစ်ခု
သေနတ်ကိုကျောမှာချိတ်ထားကာအောက်ငုံ့ပြီးခေါင်းလေးနှစ်ခုကိုထိန်းထားပေးနေတုန်းမှာတင် အရှေ့ကရပ်နေတဲ့HyunJinကျောကုန်းနဲ့ဒုတ်ကနဲ
"အ့"
အတိုက်ခံရတာHyunjinပေမဲ့အသံထွက်သွားတာကFelixဘာမှမတုန့်ပြန်မလာတာမို့ခေါင်းမော့ကြည့်လိုက်တော့ သူ့ကိုနောက်ကျောပေးပြီးလက်တစ်ဖက်နဲ့ကာထားသည် ရှေ့မတက်နဲ့ဆိုတဲ့သဘောမျိုး
Felix သည်Hyunjinလက်ကိုကျော်ပြီးရှေ့ကိုကြည့်သည် အုပ်စုလိုက်ဇွန်ဘီတွေ လမ်းမတည့်တည့်ကန့်လန့်ပိတ်နေသည်
"မင်း မြင်လိုက်လား"
"မြင်တယ်လေ ဟိုကောင်တွေအုပ်စုလိုက်ကြီး"