"ဘာကိုပြောချင်တာလဲ"
Hyunjin အသံကသိပ်မထွက်ချင်ဘူးနဂိုကတင်းမာနေတဲ့မျက်နှာသည်အဖျားရှိန်ကြောင့်လျော့ရဲနေတဲ့ဒီလိုကျတော့လဲအကောင်းဆက်ဆံပေးချင်စရာဖြစ်နေသည်
အမြဲဖျားနေရင်ကောင်းကောင်းဆက်ဆံလို့ရပေမဲ့အဲ့ဒီ့စောက်ကြောတင်းတင်းအမူအရာတွေကိုFelixမကြိုက်တာ
"ခင်ဗျားလဲသိမှာပါ ဒီကလေးတွေရောကျွန်တော်တို့ရောဘယ်လိုဖြစ်လာလဲဆိုတာ"
"ဟိုကောင်ပြန်ပေါ်လာပြီ"
"ဘယ်ကောင်?"
"အဲ့ဒီဘုရင်"
"ဘာ လီဟွမ်းလား"
မျှော်လင့်တကြီးပြောလာတဲ့FelixပုံကိုHyunjinကစိတ်ပျက်စွာကြည့်လိုက်သည် တကယ်ကိုလီဟွမ်းမှလီဟွမ်းဖြစ်နေတာပဲ Hyunjin ကိုယ်တိုင်လဲကြင်ယာတော်မှကြင်ယာတော်ဖြစ်နေတာကြောင့်ထည့်မပြောတော့ဘူး
လက်ရှိဘဝမှာသူတို့ကိုယ်တိုင်ပြန်ဆုံခဲ့သည်ကိုလက်မခံချင်ပဲလက်ခံထားရသည့်အတိတ်ကိုစွဲလန်းနေဆဲ
"မဟုတ်ဘူး New Holland ဘုရင်"
"ကျစ် အဲ့ဒီ့မအေလိုး!!"
"မင်းပါးစပ်ကောင်းကောင်းထိန်းသိမ်းလို့မရဘူးလား ကလေးတွေနဲ့"
"သူတို့အိပ်နေတာပဲကို လာဟောက်နေတယ် ဒီလိုမှန်းသိရင်မကယ်ပါဘူး"
Hyunjin သည်မကြားချင်ယောင်ဆောင်ပြီးသူ့ပေါင်ပေါ်ကကလေးနှစ်ယောက်ကိုပြန်ငုံ့ကြည့်နေသည်
"ချစ်စရာကောင်းသားပဲ"
"ကျွန်တော့်ကလေးလေးတွေလေ"
ဂုဏ်ဆာသလိုရုပ်ကြီးနဲ့လုပ်နေတဲ့Felixအားကြည့်ပေးလိုက်တော့ဟိုကဘုကြည့်ပြန်ကြည့်သည်
စကားပြောသာနည်းနည်းယဉ်ကျေးလာမယ် အမူအကျင့်ကမပျောက်ဘူးHyunjin ပြန်အပြောမှာFelixတကယ်ကိုနင်သွားပုံရသည်
"ငါလဲအဖေပဲ"
Felixသည်Hyunjinပေါင်ပေါ်ကကလေးနှစ်ယောက်ကိုချီယူသွားပြီးခပ်ဝေးဝေးမှာ စောင်ခင်းထိုင်ပြီးကလေးနှစ်ယောက်ကိုလွတ်ထွက်မတတ်ဖက်ထားသည်