"အစ်ဂ်"
သန်မာတဲ့လက်ဖျံကြီးရဲ့ဂုတ်ကဆွဲခေါ်မှုအောက်တွင်Felixခြေထောက်နဲ့မြေကြီးပါလွှတ်မတတ်ပါသွားကာနန်းတော်တံခါးဝထဲဝင်သွားသည် လည်ပင်းကပါအစ်သွားရတာမို့အသံမထွက်တော့ တကယ်လူကိုကြောင်ထင်နေလား
"လွှတ်..အ့ လည်ပင်း လည်ပင်းအစ်တယ်"
"ဟိုကိုကြည့်"
လွှတ်လွှတ်ပြီးချင်းမှလည်ပင်းကိုအုပ်ကိုင်ထားရသည်အဲ့ဘဲကြည့်ခိုင်းတာကိုကြည့်လိုက်တော့ နန်းရင်ပြင်တစ်ခုလုံးတွင်မည်သည့်လည်ပတ်သူမှမရှိ ရှေ့တည့်တည့်မှာညီလာခံခန်းမဆောင်ကြီးကဝမ်းနည်းစရာခြောက်ကပ်ကပ်ကြီးကျန်ခဲ့သည်
"ဒီနေ့လူတွေဘာလို့မရှိတာလဲ"
"ငါလာမှာမို့လို့"
"မင်းကဘာမို့လို့လဲ"
"Hwang HyunJin မို့လို့"
ရှီးဘား အဲ့ဘဲလေကြီးလေကျယ်တအား အော့ ဝေါ့
နေရာမှာတင်လက်ထိုးအန်ချင်စိတ်ဖြစ်သည် နန်းတော်ဧရိယာမှာမို့လို့လုပ်လို့မကောင်းဘိုးဘေးတွေကိုင်နေမှ"အရှေ့ကိုကြည့်"
ရှေ့ကညီလာခံခန်းမကိုပဲကြည့်ခိုင်းနေသည် ဘာတုန်းပျင်းခြောက်ခြောက်ကြီးကိုအရင်ကဆို
အရင်ကဆို?
အရင်က အခုအိပ်မက်ကိုပါတွေးမိလိုက်တာလားဒီညီလာခန်းခန်းမဆောင်ရှေ့မှာလီဟွမ်းတန်ပြန်တိုက်စစ်ချီပြီးသူနဲ့တကွပြန်လာတဲ့ဥလုံးလေးပါပါလာ၏
မယ်တော်ကြီးကဒီလှေကားထစ်တွေပါဆင်းပြီးပြေးဖက်လာတာကျွန်တော့်ဥလုံးလေးလို့ပြောတဲ့အခါငါ့းလဲပဖေပါကွဆိုပြီးတိုနေတဲ့လီဟွမ်းနဲ့ချစ်စရာကောင်းအောင်အငြင်းပွားခဲ့ကျသည်
"မင်းဘာတွေပြုံးနေတာလဲ"
အတွေးနဲ့အတူပြုံးနေတဲ့FelixအားHyunJinငုံ့ကြည့်လာ၏ Felix အသိစိတ်ကပ်ချိန်တွင်နေကာမျက်မှန်ကြီးနဲ့သူ့ကိုလာကြည့်နေတဲ့စိတ်ကြီးဝင်နေတဲ့ကောင်သာရှိသည်
နန်းတော်ထဲရောက်သည့်တိုင်လီဟွမ်းကိုသာတမ်းတသည် ငယ်ငယ်ထဲကဘဝကကြမ်းတာလာတာမို့တစ်ဦးတည်းသောဂရုစိုက်ပေးတဲ့အိပ်မက်ထဲကလီဟွမ်းဆိုတဲ့ဘုရင်ကိုသာတမ်းတသည်