"ဖွင့်ပေးစမ်းတံခါး"
ဒုန်းကနဲဒုန်းကနဲအိမ်တံခါးမကြီးကိုကန်နေသည် ရဲတိုက်ကြီးလိုအပေါ်ကိုမှတစ်ဆင့်တစ်ဆင့်မြင့်သွားတဲ့အိမ်ကြီးအတွင်းမှာFelixအပိတ်ခံထားရသည်
အပေါ်ကိုမော့ကြည့်တော့လဲကြောင်လှိမ်လှေကားအပေါ်အထိခြောက်ကပ်ကပ်ကြီး
အိမ်ကြီးကကျယ်လွန်းတာမို့မီးဖိုခန်းကလှုပ်ရှူားမှုအသံတောင်အိမ်ရှေ့ကမကြားရဘူးဗိုက်လဲအတော်ဆာနေပြီတံတားကိုကန်လဲမပွင့်တာမို့လူသာမောတာအဖတ်တင်သည် မသတ်သေးတာတော့ကောင်းသွားပေမဲ့ဘာလို့သူ့အိမ်ထဲမှာလာပိတ်ထားတာလဲ
အိမ်အပြင်အဆင်ကိုတစ်ချက်ကြည့်သည်ဆင်စွယ်ရောင်တွေကိုမှရွှေရောင်မီးဆိုင်းတွေကြောင်အိမ်လှေကားကြီးတွေ ဇိမ်ခံပစ္စည်းပေါင်းစုံ
Felixသူ့ရဲ့တံတားနားကကွန်တိန်နာအသေးလေးထဲကအခန်းပုံစံတစ်ကိုယ်စာအိမ်ငိုတွေးကြည့်နေသည် မသပ်ရပ်ရင်တောင်စုတ်ပြတ်တဲ့အဆင့်ရောက်နေပြီ
အင်း ဘာဖြစ်လဲထားတော့လဲနေပစ်လိုက်မှာပေါ့
ဘုန်းကနဲရေသုံးရက်လောက်မချိုးရသေးတဲ့ကိုယ်နဲ့ကိုယ်နံ့စွဲနေပြီဖြစ်တဲ့ဂျာကင်ကြီးကိုမချွတ်ပဲဆိုဖာပေါ်တက်ထိုင်သည်
နေဦး ဗိုက်ဆာတယ်
"ဗိုက်ဆာတယ် တစ်ခုခုလုပ်ပေး"
ဘေးကအိမ်အကူလို့ထင်ရတဲ့ကောင်မလေးတစ်ယောက်သည် ပန်းအိုးအသေးလေးကိုလက်ထဲကိုင်ပြီးနေရာရွေ့သွားတာတွေ့တာမို့Felixလက်ခုပ်တီးပြီးပြောလိုက်ပေမဲ့
"ခေါင်းဆောင်ကြီးက အကို့ကိုသူလာမှစားရပါမယ်တဲ့"
"ဘာ!!"
ဆက်ပြောချိန်တောင်မရလိုက်သူ့ဟာသူလုပ်စရာလုပ်ပြီးထွက်သွားသည်
အိမ်ထဲမှာပိတ်ပြီးအငတ်ခံထားမလို့လားအပြင်မှာဆိုရင်တောင်ရှာကျန်စားလို့ရသေးသည် ဘာလုပ်တာလဲအဲ့ဒီ့ကောင် ပြန်ရုတ်သိမ်းတယ်ဟေ့ သိပ်မိုက်တဲ့ဘဲကြီးဆိုတာ
သူလာမှစားရအောင်သူကဘာကောင်မို့လို့လဲဗိုက်ကလဲဆာလာပြီမို့ တစ်ယောက်ထိုင်ဆိုဖာပေါ်မှာခွေခေါက်ပြီးအိပ်လိုက်ဦးမယ်