" ကျွန်တော်လည်း အဲ့လိုစဉ်းစားနေတာ။ Menu ကိုတော့ ကျွန်တော် တစ်ချက် ပြန်စဉ်းစားပြီး ကိုလင်းရောင်ကို ပြန်ပြောမယ် "

" ဟုတ်ပြီ အစ်ကိုလေး "

၁၈ နှစ်ကတည်းက လုပ်လာခဲ့တဲ့ ဒီအလုပ်က သူ့အတွက်တော့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ လိုအပ်ချက်တွေ နည်းသထက်နည်းအောင် ပြင်ဆင်တတ်ပြီး ခေတ်နဲ့အညီ စဉ်းစားတွေးခေါ်တတ်သူဖြစ်၏။

ကိုယ်တိုင်ကလည်း လူငယ်ဖြစ်တာမို့ လူငယ်တွေရဲ့အကြိုက်နဲ့လိုက်လျောညီထွေအောင် စီစဉ်တတ်တော့ Bar မှာ လူသိများလာရခြင်းဖြစ်သည်။

................

ဟန် အလုပ်လုပ်ပြီး၍ နာရီကို ကြည့်မိတော့ နေ့လည် ၁၂ နာရီထိုးခါနီးပြီဖြစ်သည်။ ထမင်းစားဖို့စဉ်းစားလိုက်သော်လည်း တစ်စုံတစ်ခုကို တွေးမိသွားကာ

" ဉီးဇန် "

" အင်း "

" နေ့လည်စာ စားပြီးပြီလားဗျ "

" မစားရသေးဘူး ဟန် "

" ကျွန်တော်လည်း မစားရသေးဘူး ဟီးးး "

" လာခဲ့မလား "

" ဗျာ "

" ကိုယ့်စီ လာခဲ့မလား။ "

" လာခဲ့မယ်ဗျ။ အာ ကျွန်တော်ကိုယ်တိုင်ပဲ ကားမောင်းခဲ့မယ်ဗျ။ "

" အင်း ဂရုစိုက် "

" ဟုတ်ကဲ့ "

အိမ်မှာ သွားရေးလာရေး အဆင်ပြေစေဖို့ ကားနှစ်စီး ထားထားပေးတာဖြစ်သည်။ တစ်စီးက ဉီးဇန် အလုပ်သွားတိုင်းစီးနေကျကားဖြစ်ပြီး နောက်တစ်စီးက ဟန့်အတွက် ဟန်သွားစရာရှိလာခဲ့ရင် အသုံးပြုဖို့ သီးသန့် ဝယ်ထားပေးခြင်းဖြစ်သည်။

ဟန် ကိုယ်တိုင် ကားမောင်းကာ Company ရှေ့ရောက်တော့ ဉီးဇန်ရဲ့ ကိုယ်ရံတော် ကိုဘုန်းသန့်က အဆင့်သင့်စောင့်နေတာမို့

" အစ်ကိုလေး ကားထားခဲ့ပါ။ ကေသီ လိုက်ပို့ပါလိမ့်မယ်ဗျ။ "

ဟန်လည်း ဘုန်းသန့်ပြောတာကို လက်ခံလိုက်ကာ ကားသော့ပေးလိုက်ပြီး ဉီးဇန်၏ အတွင်းရေးမှူးဆိုသူ မကေသီနောက် လိုက်လာရ၏။ ဉီးဇန်ရဲ့ Company ဖြစ်တာကြောင့် ဉီးဇန်ရဲ့ Image ကို ထိခိုက်မှာလည်းစိတ်ပူမိသေးသည်။

DEARESTWhere stories live. Discover now