part- 1

126K 2.1K 55
                                    

ပထမဆုံးရေးတဲ့ +++ ပါ ,,,ရေးရင်း ကြမ်းသွားလို့ 20++ ဖြစ်သွားတာပါ,,,, ကြိုပြောမယ်နော်,,, အရမ်း ,, အရမ်း ကြမ်းသည်,, ထိုကြောင့် သေချာစဉ်းစားပြီးမှ ဖတ်ပါ,,, စိတ်ခိုင်မှ ဖတ်ပါ,,, ပြီးမှ အပြစ်မပြောပါနှင့် ရေးတဲ့သူကတော့ ဇာတ်လမ်းအရ လိုအပ်လို့ ကြမ်းတာပါ,,, အားပေး တာကို ကျေ:ဇူးတယ်ပါတယ်,,,,

××××××××××××◆◆◆◆◆◆◆◆×××××××××××

Part- 1

ကျွန်တော် နှင့် သူ့ရဲ့ စတင်တွေ့ဆုံပုံက ကျွန်တော့်ဘဝရဲ့ မမေ့နိုင်တဲ့ အမှတ်တရအနည်းအကျဉ်းတွင် ပါဝင်ခဲ့သော်လည်း ကျွန်တော်တို့နှစ်ယောက်၏ တွေ့ဆုံခြင်းက ကောင်းမွန်သည့် အမှတ်တရတစ်ခုမဟုတ်ခဲ့သည်ကတော့ အမှန်ပင်၊၊ ကျွန်တော့်ဘဝရဲ့ အဆိုးဝါးဆုံးအဖြစ်အပျက်နှင့် အမိုက်မဲဆုံးဆုံးဖြတ်ချက် ထို့အတူ အနာကျင်ရဆုံး အမှတ်တရတစ်ခုက သူနှင့် ကျွန်တော် စတင်ပတ်သတ်သည့် ညဟု ကျွန်တော် ပြောရင် အားလုံးဟားတိုက်ရီမောကြမည်ထင်၊၊ ဘာကြောင့်လဲဆိုတော့ ထိုတွေ့ဆုံခြင်းကို ကျွန်တော်က စတင်ဖန်တီးခဲ့သောကြောင့်ပင်၊၊ ထိုအရာကပင် ကျွန်တော့် ဘဝကို ကျွန်တော်ကိုယ်တိုင် ရှက်ရွံနာကျင်မုန်းတီးမိသည်၊၊

ဒါပေမယ့် သူနှင့် ပါတ်သတ်သည့် မှားယွင်းသည့်အမှတ်တရများကြားက ဖြစ်လာသည့် အမှန်တရားတစ်ခုကတော့ ကျွန်တော် သူ့ကို ချစ်သည်ဆိုတာပင်၊၊

ဟုတ်တယ်,,, ကျွန်တော် သူ့ကို ချစ်သည်,,

အထိအတွေ့သာယာမူကြားက ဖြစ်ပေါ်လာတဲ့ အချစ်ဆိုပေမယ့်

အထိအတွေ့သာယာမူကြောင့် ချစ်ခဲ့တာမဟုတ်ပါဘူး,,,

ဒီအတိုင်း ရိုးရှင်းစွာပင် ကျွန်တော်ဆိုသည့်

Kim jaejoong က Jung yunho ကို ရိုးရှင်းစွာချစ်ခဲ့ပါသည်၊၊

◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇

ထိုညက ကျွန်တော့် ဘဝ၏ နောက်ဆုံး လူပျိုညဟုပြောရမည်၊၊ ဒါပေမယ့် ကျွန်တော် ပထမဆုံးဆက်ဆံမည့် သူမှာ မိန်းမမဟုတ်ပဲ ယောကျာင်္းတစ်ယောက်ဖြစိနေခြင်းကတော့ ထူးဆန်နေလိမ့်မည်၊၊ ကျွန်တော်က gay တစ်ယောက်မဟုတ်ပါ၊၊ ဒါပေမယ့် ယောကျာင်္းတစ်ယောက်နှင့် sex ပိုင်းဆိုင်ရာ ဆက်ဆံမည်ဆိုသည်ကတော့ ငွေကြောင့်ဟု ပြောရင် ပိုမှန်မည်၊၊ အသက်20 ကျော်အရွယ် သက္ကသိုလ်ကျောင်းသား ကျွန်တော့်အတွက် လူမမည် ညီလေး၊ညီမလေးနှစ်ယောက်နှင့် လူမမာမိခင်ကို စောင့်ရှောက်ဖို့ အချိန်ပိုင်းအလုပ်နှင့် မလောက်ငှခဲ့၊၊ ပြီးတော့ ခဏခဏ ဆိုးရွားလာသည့် အမေ့၏ ရောဂါအတွက် ဆေးဖိုးတွေကို ကျွန်တော် ရှာပေးချင်သည်၊၊ ရောင်းချစရာတန်ဖိုးကြီးပစ္စည်းမရှိသည့် ကျွန်တော့်အတွက် ကျွန်တော့် ခန္ဒာကိုယ်က တန်ဖိုးအရှိဆုံးမို့လား၊၊ ထိုအလုပ်မျိုးနှင့် အဆက်အသွယ်ရှိသည့် ရင်နှီးသည့် အသိအကိုတစ်ယောက်ကို ကျွန်တော် ပြောတော့ အစက တားသော်လည်း နောက်တော့ ကျွန်တော် တကယ်ဆုံးဖြတ်ထားသည်ကို သိတော့ ကျွန်တော့်အား တစ်ဦးတည်းအတွက် sex ဆက်ဆံရန် လုပ်ပေးသည်၊၊ ပြီးတော့ ထိုသူက ယောကျာင်္းတစ်ယောက်ဟု ပြောတော့ ကျွန်တော် အံ့သြော်ခဲ့သည်၊၊

ArjushiWhere stories live. Discover now