121

3.4K 591 11
                                    

ထိတ်လန့်မှု
...............

'ယွီဝမ်ထုန်က လင်းကျန်နဲ့စေ့စပ်ထားပြီး မကြာခင်လက်ထပ်တော့မှာပေါ့။'

'လင်းမိသားစုနဲ့ နယ်စောင့်တပ်သားတွေကြားက ပဋိပက္ခကို ယွီဝမ်ထုန်သိရဲ့လား။'

လက်ထောက်တပ်မှူးလေးယောက်က တစ်ဦးကိုတစ်ဦး ပြောစရာမဲ့စွာငေးကြည့်ရင်း လင်းမိသားစု၏ကိစ္စမှာ ပရိယာယ်ဆန်လာသည်ဟု ခံစားနေကြရသည်။

သူတို့ အမှားအသေးစားတစ်ခုလုပ်မိသည်နှင့် ယွီဝမ်ထုန်၏ရန်ဘက်ဖြစ်သွားကာ အခြေအနေဆိုးလိမ့်မည်။ လက်ရှိတွင် ဧကရာဇ်သည်ပင် အချို့အခြေအနေများ၌ လောကဝတ်အားလစ်လျူရှုကာ ယွီဝမ်ထုန်ကို ဦးစားပေးရသည်။ သူတိုက ယွီဝမ်ထုန်အား ထိပ်တိုက်မတွေ့ရဲသည်မှာသေချာပေါက်ပင်။ သူတို့တွင် အခွင့်အရေးမရှိသည်ကို အရူးပင်သိသည်။ ယွီဝမ်ထုန်က ပျော့ညံ့သည့်ပစ်မှတ်မဟုတ်ပေ။

'ထိပ်တိုက်ရင်ဆိုင်တာကိုရွေးချယ်လို့မရမှတော့ ငါတခြားနည်းလမ်းကို ရှာရမယ်။'

ကျန်ချောင်းက မတ်တပ်ရပ်သည်။ "ကျွန်တော်က နည်းနည်းစရိုက်ကြမ်းပြီး လောကဝတ်နဲ့မကျွမ်းဝင်တာမျိုး ရှိပေမဲ့ စစ်သူကြီးနဲ့ သခင်လေးလင်းတို့ရဲ့ လက်ထပ်ပွဲနေ့မှာ ကျွန်တော့်ရဲ့စစ်သားတွေနဲ့အတူ လက်ဆောင်ဖောဖောသီသီသယ်ပြီး လာခဲ့ပါ့မယ်။"

"ဟုတ်ပါတယ်။ စစ်သူကြီးနဲ့သခင်လေးလင်းတို့ရဲ့ လက်ထပ်ပွဲနေ့ကျရင် ကျွန်တော်တို့တွေ လက်ဆောင်မျိုးစုံနဲ့လာပါ့မယ်။"

လက်ထောက်တပ်မှူးလေးယောက်က အပြိုင်အဆိုင်ထရပ်ကာ ကတိပေးကြသည်။

"အရင်က ငါ ကျားမိသားစုအကြောင်းမသိခဲ့ဘဲ သူတို့လှုံ့ဆော်ချက်ရဲ့သားကောင် ဖြစ်ခဲ့ပါတယ်။ ကျားမိသားစုကလူတွေ စီရင်ချက်ချခံရပြီး ထောင်ကျသွားပေမဲ့  ငါ့အသိစိတ်ထဲမှာတော့ အပြစ်ရှိသလိုခံစားရဆဲပဲ။ ကံကောင်းတာက အဲ့လိုတိုက်တွန်းခံရချိန်မှာ ဘယ်လူကောင်းတစ်ယောက်အပေါ်ကိုမှ ငါအမှားမလုပ်ခဲ့ဘူး။ မဟုတ်ရင် ငါအကြိမ်တစ်သောင်းလောက်သေရင်တောင် အပြစ်ရှိစိတ်ကို ဖြေနိုင်မှာမဟုတ်ဘူး။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now