Chapter 14 : Secret (B)

Start from the beginning
                                    

သူ ဝမ်ဖုန့်ကို အချိန်အတော်ကြာ သိလာခဲ့တာဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဝမ်ဖုန့်ကို နားလည်ပါသည်။ သူသည် အရူးတစ်ယောက်မဟုတ်တာတော့ အမှန်ပင်ဖြစ်ကာ ဖောက်ပြန်တာက စောင့်စည်းမှုမရှိတာဖြစ်ပြီး ၎င်း၏မကောင်းမှုက လူသတ်တာနှင့်စာလျှင်တော့ ခြားနားတဲ့အဆင့်မှာပင် ရှိနေဆဲဖြစ်သည်။

[ TN = ဖောက်ပြန်တာက မကောင်းဘူးဆိုရင်တောင် လူသတ်တာလောက်တော့ မဆိုးဝါးသေးဘူး.. ဝမ်ဖုန့်က အရူးမှမဟုတ်တာ လူတော့မသတ်လောက်ပါဘူး.. ဖန့်ချူက အဲလိုတွေးတာပါ ]

သို့သော်... ထပ်တွေးရလျှင် ဒီလိုထိတ်လန့်စရာတွေ ဖြစ်မလာခင်မှာ လူသတ်သမားက အမြဲ လူတွေရဲ့ ခန့်မှန်းမှု အနည်းဆုံးသော တစ်စုံတစ်ယောက်သာ ဖြစ်နေတတ်သည်။

ဝမ်ဖုန့်က ဒီလိုအရာတွေမလုပ်ဘူးလို့ ဘယ်သူများ သေချာသိနိုင်မှာတဲ့လဲ?

နောက်ဆုံးတော့လည်း ထိုသူနှင့် ပိုင်ရှောင်ရှန်းတို့ကြားက အချစ်ဇာတ်လမ်းမှာ ဖန့်ချူ သေချာပေါက် မျှော်လင့်မထားမိတဲ့အရာပဲ မဟုတ်ပါလား။

ဖန့်ချူ အနည်းငယ် စိတ်မသက်မသာဖြစ်သွားရသည်။

ဒီအခန်းထဲမှာ မမြင်နိုင်တဲ့ သရဲတစ်ကောင်ရှိရုံတင်မက လူသတ်သမားလည်းပဲ ရှိနေနိုင်သည်။

ထိုနားမှာ ဝမ်ဖုန့်နှင့် ပိုင်ရှောင်ရှန်းတို့က တစ်ယောက်နဲ့တစ်ယောက် သင်လျော်တဲ့အကွာအဝေးကို ထိန်းသိမ်းထားသော်ငြား သူတို့တွေ ရင်းနှီးကြတယ်ဆိုတာ ဖန့်ချူ ပြောနိုင်ပါသည်။ အရင်ကသာ ဒီလိုဖြစ်ခဲ့မယ်ဆိုရင်တော့ ဖန့်ချူသေချာပေါက် ဒါကို တွေးနေမှာမဟုတ်ပါ၊ သို့သော် အခုတော့ သူ့မှာ ဘက်လိုက်တဲ့ ခန့်မှန်းချက်တစ်ချို့ရှိနေပြီး သူတို့ကို ဒီလို မြင်နေရခြင်းက အတော်လေး သံသယဖြစ်ဖွယ်ကောင်းကာ ပျောက်ကွယ်သွားသည်။

ဖန့်ချူ ဝမ်းနည်းပြီး စိတ်ရှုပ်သွားရသည်။

ခဏလောက်စဉ်းစားရင်း ရုတ်တရက် ထရပ်လိုက်ပြီး "သန့်စင်ခန်းသွားသုံးလိုက်မယ်" လို့ ပြောလိုက်တယ်။

ဒါက လူတိုင်းရဲ့အာရုံကို ဖမ်းစားသွားပြီး ဝမ်ဖုန့်က အနည်းငယ် စိုးရိမ်နေပုံရသည်။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now