"အဲ့တာဆိုဆရာလေးကို ညကျလာ ခေါ်လိုက်မယ်နော်
"အေးအေး အခုတော့ အကို လုပ်စရာလေးရှိသေးလို့ ပြန်လိုက်အုံးမယ်နော်
"ဒေါ်လေးကိုလဲ အကိုကတောင်းပန်ပါတယ်လို့ပြောပေးအုံး
"ရပါတယ် ဆရာလေးရယ်ပြောရမဲ့သူ တွေမှမဟုတ်တာ
"အဲ့တာဆိုအကိုပြန်ပြီနော်
"ဂရုစိုက်သွားနော်
နွေဦးခေါင်းညိမ့်ပြလိုက်ပြီ ကျောက်ခဲတို့ခြံထဲကနေထွက်လာခဲ့လိုက်တယ် မနက်တုံးက ပဲဆွတ်တာဘာမဖြစ်ပေမဲ့ ညနေခင်းကျတော့ ကိုယ်တွေလက်တွေကနာလာပြီး ဖျားချင်စိတ်ကပေါက်လာသည်။ ဒါတောင်သူများတွေလို တစ်နေကုန် မဟုတ်ဘူးနော် ၁၁နာရီလောက်ထိဘဲ တစ်နေကုန်သာဆို လမ်းတောင်လျောက်နိူင်မှာမဟုတ်
ညကျရင် တရားနာသွားမှာမလို့ ဆေးလေးဘာလေးသောက်ပြီးခဏတော့နားမှဖြစ်မည်။ မဟုတ်လို့ကတော့ ဖျားမှကြိမ်းသေသည်။
"ပြန်လာပြီပေါ့
အသံကြားလို့ကြည့်လိုက်တော့ ကွပ်ပျစ်ပေါ်မှထိုင်ပြီး နွေဦးကို စိုက်ကြည့်နေတဲ့ အမူးသမား ဘာပြသာနာလာရှာပြန်ပြီလဲ
" မင်းငါအိမ်ထဲဘယ်လိုရောက်နေတာလဲ
"ဒါကကျုပ်အိမ် ခင်ဗျားအိမ်မဟုတ်ဘူး
"မင်းအိမ်မှန်းငါသိတယ် မင်း ခဏခဏပြောစရာမလိုဘူး ငါသိချင်တာက မင်းဒီထဲကို ဘယ်လိုဝင်လာတာလဲလို့
နွေဦး လေသံမာမာနဲ့မေးလိုက်တော့သည် ။ ခြံစည်းရိုးတံခါးသေချာပိတ်သွားတာကို သူက ဘယ်ကနေဘယ်လိုဝင်လာမှန်းမသိ
" ဟိုမှာတွေ့လား
နွေဦးသူပြတဲ့နေရာကိုကြည့်လိုက်တော့ နွေဦးတို့ခြံစည်းရိုး
"အဲ့အပေါ်ကနေ ကျော်တက်လာတာ
မဖြစ်နိုင်ပါ လုံးဝမဖြစ်နိုင်တာ ဟိုတစ်ခါသူခြံစည်းရိုးကိုကျော်တက်ပြီးဝင်လာတယ်ဆိုကတည်းက နွေဦး ဆူးခတ်တွေနဲ့ သေချာခြံစည်းရိုးကို ပြန်လုပ်ထားတာ ပြီးတော့ ကျော်လာတယ်ဆိုတာမဖြစ်နိုင် ခြံစည်းရိုးက လူတစ်ယောက်ရဲ့ ရင်ခေါင်းလောက်အထိ ရှိတာမလို့ လွယ်လွယ်နဲ့ ကျော်ခွမရပါ
