Unicode
~~~~~~~~ဒီရက်ပိုင်းအတွင်း ဧကရာဇ်မောင်တစ်ယောက် ကုမ္ပဏီနဲ့ပတ်သပ်တဲ့ အလုပ်ကိစ္စတွေအားလုံးကို ယုံကြည်ရတဲ့လက်ထောက်ဖြစ်သူ သက်မောင်ထံလွှဲပေးထာပြီး သူကိုယ်တိုင်က မုန့်လုပ်နည်းလေ့ကျင့်နေသည် ။
အပြင်ထွက်သွားပြီး ပြန်လာတိုင်း မီးဖိုချောင်ထဲဝင်သွားကာ တစ်ကြိမ်တစ်ခါမှမလုပ်ဖူးသည့်အလုပ်တွေကို လုပ်ဆောင်နေတော့ အိမ်အကူများကပင် သခင်ဖြစ်သူ ထူးထူးဆန်းဆန်းပြုမူနေ၍ ဝင်မကူညီရဲကြပဲ ဘေးကနေကြည့်နေကြရသည် ။
ပွဲတော်ညက ဝတ်လာခဲ့တဲ့တီရှုပ်ကိုလဲ ဘယ်သူ့ကိုမှအလျှော်မခိုင်းပဲ သူကိုယ်တိုင်လျှော်ဖွတ်ကာ အိမ်မှာနေစဉ် နေ့တိုင်းနီးပါးဝတ်နေတော့သည် ။ သခင်ကြီးရဲ့ထူးခြားတဲ့အပြုအမူနဲ့ ဘဲဝါအင်္ကျီဝတ်ထားတဲ့ပုံစံကိုကြည့်ပြီး လင်းထက်အပါအဝင် အိမ်ဖော်တွေအားလုံး ငိုရခက်ရယ်ရခက် အခြေအနေဖြစ်နေကြသည် ။ နောက်ဆုံး လင်းထက်က သိချင်စိတ်ကို ထိန်းမနိုင်တော့၍ မေးကြည့်လိုက်သည် ။
" သခင်ကြီး … ဒီအင်္ကျီကိုဝတ်နေတာ ၃ ရက်ရှိပြီ … ပွဲတော်ဈေးကအင်္ကျီတွေကို သခင်ကြီးကြိုက်တာလား … ကျွန်တော်အရောင်စုံမှာပေးရမလား "
ဧကရာဇ်မောင်က မုန့်လုပ်ဖို့ပြင်နေရင်း အနီးအနားက ဂျုံလှိမ့်တဲ့သစ်တုံးနဲ့ လင်းထက်ခေါင်းအား လှမ်းခေါက်လိုက်သည် ။
" အ့ "
" မင်းတော်တော်လျှာရှည်တဲ့ကောင်ပဲ "
" ကျွန် … ကျွန်တော်က စေသနာနဲ့မေးတာကို "
" မလိုဘူး … ဒီတစ်ထည်ကိုပဲငါကြိုက်တယ် … ဒီအင်္ကျီက ငါ့သားလေးရွေးပေးပြီး မုဒြာကိုယ်တိုင်ဝယ်ပေးထားတာ … သိန်းချီပေးရတဲ့အင်္ကျီတွေထက် တန်ဖိုးကြီးတယ် "
ထိုအခါမှ လင်းထက်နားလည်သွားသည် ။ သခင်ကြီးရဲ့အချစ်တွေက အံ့မခန်းပင် ။
" ဒါနဲ့ သခင်ကြီး … ဒီနေ့သက်မောင်က နိုင်ငံခြားရင်းနှီးမြှုတ်နှံသူတွေနဲ့ တွေ့ဆုံပွဲရှိလို့ ပြင်ဆင်ထားဖို့မှာထားတာ မေ့နေတာလား "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...