ဗျာ !!!
"မဗျာနဲ့ မင်းနံ့သာကိုယူရမယ် နံ့သာလို လိမ္မာယဉ်းကျေးပြီး ပညာတက် ရုပ်ချောတဲ့သူကို မင်းငြင်းစရာ အကြောင်းမရှိဘူး ပြီးတော့ သူက မင်းအပေါ်လဲ အရမ်းကောင်းရှာတယ်
"အဲ့တာနဲ့ဘဲ ကျုပ်ကသူကိုယူရမှာလား အဖေရာ
ခွပ်ဒေါင်း ကွပ်ပျစ်ပေါ် စိတ်ပြတ်လက်ပြတ်လဲရင်း ညည်းတွားမိတယ် နံ့သာကို ဘယ်လိုနည်းနဲ့မှမယူနိုင်ပါ နံ့သာနဲ့ ကျုပ်ကဟိုး ငယ်ငယ်လေးကတည်းက မောင်နှမလို သူငယ်ချင်းလို နေလာတဲ့သူတွေ ပြီးတော့ နံ့သာပေါ် သူငယ်ချင်းတစ်ယောက်ထက်မပိုပါ
" ဟုတ်တယ် မင်းနံ့သာကိုယူကိုယူရမယ်
"ကျုပ်မှာမိန်းမ မယူချင်တာ
" ဘာလဲ ? ••• မင်းအောက်ကဟာက ပန်းသေနေလို့ မိန်းမမယူချင်တာလား
" ဟာအဖေရာ မဟုတ်တာတွေ ကျုပ်က ဒီတိုင်း မိန်းမ မယူချင်လို့ပါ
"ငါကတော့ မင်းကို မိန်းမမြန်မြန်ပေးစားပြီး မင်းမိန်းမလက်ထဲကို မင်းကိုအပ်ပစ်ချင်နေပြီ
" ရှေးလူကြီးတွေ ပြောသလိုဘဲ
"ဘာလဲ
" မကောင်း ကျောင်းပို့တဲ့
"အဲ့တာနဲ့ ဘာဆိုင်လို့လဲ
"ဆိုင်တာပေါ့ အခု အဖေက ကျုပ်ကိုမနိုင်တာနဲ့ဘဲ အတင်းမိန်းမပေးစားနေတာလေ မဟုတ်လို့လား
ခွပ်ဒေါင်းပြောပြီး ကွပ်ပျစ်ပေါ်ကနေ ခုန်ဆင်းပြီး အိမ်ကနေ အပြေးထွက်ခဲ့တော့သည်။ မဟုတ်ရင် အဖေရဲ့ အထုအနှက်ကိုရော တရားရောပါနာနေရမည်။
စိတ်ညစ်ညစ်နဲ့ ကိုကောင်တွေရှိမဲ့ ထန်းတောကိုသာထွက်ခဲ့လိုက်တော့တယ်
ထန်းတောရောက်တော့ ဟိုကောင်တွေက ချတောင်ချနေကြပြီး
"ဟာ အာစိ လာ
ကျော်ကြီးပြတဲ့နေရာဝင်ထိုင်လိုက်ပြီး ကျော်ကြီး ထည့်ထားတဲ့ ထန်းရည်ခွက်ထဲက ထန်းရည်ကို တစ်ခါထဲ မော့ပစ်လိုက်တော့ ဘာအရသာရှိမှန်းကို မသိတော့ဘူး
ကျော်ကြီးနဲ့ငမဲတူးကတော့ သူတို့အာစိကိုကြည့်ပြီး ဘာပြောရမှန်းမသိ အာစိကြည့်ရတာ တစ်ခုခုကို အလိုမကျသလို မျက်နှာကြီးကဆူပုတ်ပြီး ဒေါသထွက်နေတာသိသာတယ် အခုချိန်မျိုးမှာ စကားမှားလို့ကတော့ သေပြီဆရာဘဲ
