Unicode
~~~~~~~~ဧကရာဇ်မောင်တစ်ယောက် သန့်ရှင်းရေးလုပ်ပြီးသွားချိန်မှာ တစ်ဖက်အခန်းတွင်မုဒြာလဲ ကလေးလေးတွေအားလုံး သင်ကြားမှုအပေါ် စိတ်ပါဝင်စားအောင် ထိန်းနိုင်လိုက်လေပြီ ။
ကုကုလေးက ရှေ့ဆုံးခုံမှာထိုင်နေပြီး ဂျုံမှုန့်တွေကို ရေလောင်းကာလက်ဖြင့်နယ်နေရသည့်အပေါ် အလွန်ပျော်ရွှင်ကာ မုဒြာသင်ပြသည့်အတိုင်း လုပ်ဆောင်နေသည် ။
ကျန်ကလေးငယ်လေးများကလဲ အချင်းချင်းဖေးမကူညီရင်း ဂျုံလုံးလေးဖြစ်သည်ထိ ပြုလုပ်နေကြသည် ။
" ဦးဦး … ဒီနေ့ဘယ်မုန့်ကိုအရင်သင်မှာလဲဟင် "
မုဒြာက လက်နုနုလေးနဲ့ ဂျုံတွေကို ကျွမ်းကျင်စွာနယ်နေရင်း ကလေးမလေးတစ်ယောက်ရဲ့အမေးကိုကြားတော့ ပြုံးကာ ပြန်ဖြေလိုက်သည် ။
" ဒီနေ့ ပေါင်မုန့်ဖုတ်နည်းကို အရင်သင်ပေးမယ် "
" ဘယ်လိုပေါင်မုန့်လဲဟင် "
" ပေါင်မုန့်က အမျိုးမျိုးရှိတယ် … ဒီနေ့ရိုးရိုးပေါင်မုန့်ကိုမှ အရုပ်လေးတွေပုံပေါ်အောင်ဖော်ကြမယ် … ပြီးရင် အပေါ်ကနေ ခရင်မ်နဲ့ အလှဆင်မယ် "
" အဲ့ဒါက ခက်လားဟင် … သမီးရဲ့ဂျုံလုံးက အဆင်မပြေဘူး ဦးဦး "
မုဒြာက သတ္တိရှိရှိမေးမြန်းလာတဲ့ ၅ နှစ်အရွယ်ကလေးမလေးရဲ့စားပွဲရှေ့က ဂျုံနယ်သည့်ခွက်ကိုကြည့်လိုက်တော့ ဂျုံမှုန့်တွေက လုံးမနေသေးပေ ။ သူကလိုအပ်ချက်ကို ပြောပြလိုက်သည် ။
" ခုသမီးရဲ့ဂျုံလုံးက ရေနည်းနေသေးတယ် … ရေကိုဇွန်းနဲ့ ၂ ဇွန်းလောက်ထည့်ပြီး လုံးသွားအောင်နယ်လိုက် "
ကလေးမလေးက မုဒြာသင်ပြသည့်အတိုင်း လုပ်ဆောင်လိုက်တော့ အဆင်ပြေသွားသည် ။ ကျန်တဲ့ကလေးငယ်လေးတွေကလဲ သူတို့အဆင်မပြေတာတွေကို မုဒြာပြောပြသည့်အတိုင်းနည်းယူပြီးပြုလုပ်ချိန်မှာ အားလုံးမုန့်လုပ်ရန်အဆင်သင့်ဖြစ်သွားကြသည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...