"သား...သားငယ် ကောင်းပြည့်"
"ဖေဖေ...ဘယ်က ဘယ်လို...."
" သား....သားရဲ့ ဖေဖေပါကွာ....ဒီလူအိုကြီး မိုက်မဲမူကြောင့် သားလေး အရမ်းနာကျင်ခဲ့ရတယ်မို့လား ...ဒီလူအိုကြီး အသုံးမကျခဲ့တာပါ...အဖေ အမှားတွေပါ သားရယ်...."
" မဟုတ်...မဟုတ်ဘူး အဖေ...မမှားဘူး ၊ သားသား....လာအုံးပါးပါး ဆီ"
" ပါးပါး....ဒါ ဖိုးဖိုးလားဟင် "
" ဟုတ်တာပေါ့ ...ဖေဖေ...ဒါ..သားရဲ့ ကလေး...ကောင်းစစ်ဟန်သာတဲ့ ကျွန်တော့်ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားတဲ့ သားပါ ...ဖေဖေ များ...သားတို့ကို ..လက်..လက်ခံနိုင်မလားဟင် "
" သားရယ်..."
" လက်ခံတာပေါ့.. သိပ်လက်ခံတာပေါ့....၊ သူတော်ကောင်း မ, လို့ လူကောင်းသူကောင်းနဲ့ ဆုံတွေ့ရတာလေ သားရယ် ...၊ ခု ..မြေးလေးကို အဖေကလက်မခံပဲ နေမလား၊ သားကို တစ်ခါ ဆုံးရူံးခဲ့ရပြီးပြီ ..အဖေ အတွက် သားကလွဲ ဘာမှ မလိုအပ်တော့ဘူး ၊ ခု တို့သားအဖ ပြန်ဆုံကြပြီ..အားလုံး အဆင်ပြေပါပြီ ကွာ "
လေးနှစ်ကျော် ဝေးကွာခဲ့သမျှ ပြန်ဆုံတွေ့ရတဲ့ ဒီအဖေနှင့်ဒီသား ဝမ်းသာမူတွေ၊ အတိတ်က နာကျင်မူတွေ ဖြေဖျောက်ပြီး ကြည်နူးမူအဟုန်ဖြင့် ပွေ့ဖက်ကြမိသည်။
" ဟုတ်...ဟုတ်..ကျေးဇူးပါ ဖေဖေ"
ခေတ်မှီလှပသော သုံးထပ်တိုက်ရှေ့ မိမိတို့ကားလေး ဆိုက်အရောက် ထွက်လာကြိုကြသော လူအများထဲက ရုတ်တရက်မြင်မိပါသော ဖေဖေ ၊ နယ်မြို့မှာ ရှိနေမည် ထင်သည့် ကျွန်တော့်ကျွေးဖခင် ကြီး ၊ ဖေဖေကို မြင်ပြီးချိန် အစ်ကိုတည်မြဲကို နူတ်မဆက်နိုင်၊ ဆရာနှင့်မမကို ပြန်မထွေးပွေ့နိုင် မျက်ရည်များဝေ့ဝဲစွာဖြင့် ကြိုဆိုနေပါသော ဖေဖေ ရင်ခွင်ထဲသို့ အပြေးတစ်ပိုင်း။ သိပ်လွမ်းနေမိပါသော ဖခင်ရင်ခွင်၊ ကြီးမားကျယ်ပြန့်လှသော ဖေဖေ ရင်ခွင်၊ နွေးထွေးလှသော တမ်းတမိပါသော ဖခင်ရင်ခွင်ထဲ ပြေးဝင်ပြီး ဖေဖေ ဟုခေါ်ကာ ကျွန်တော်တို့သားအဖ မျက်ရည်မိုးများကျဆင်းခွင့်ပြုလိုက်ပြီ။ သား သိပ်လွမ်းနေတာ ဖေဖေရဲ့၊ သားမိုက်ကြီးကို ခွင့်လွတ်ပြီပေါ့နော်။ တချိန်က မိုက်လုံးကြီးခဲ့တဲ့ သားမိုက်ကို ခွင့်လွတ်လိုက်ပြီပေါ့ ။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...