အခန်း ၆၁

4K 805 10
                                    

Raising You This Small Stuff

Unicode

အခန်း ၆၁:ဖျော်ဖြေအသိုင်းအဝိုင်းတွင် ပက်ဖြန်းခဲ့တဲ့ မိုရိချန်ရဲ့ချစ်စရာလေး

လေထုက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည်။

မိုရိချန်က အံ့သြနေရာမှ အမြန် အသိဝင်လာပြီး သူ့ဘေးနားရှိ အသေးလေးက ကြောက်လန့်မှုကြောင့် ဖြူဖျော့လာပေမယ့် မိုက်ခရိုဖုန်းကို ပိတ်ထားလိုက်တာကို မြင်လိုက်ရသဖြင့် သူက နှစ်သိမ့်လိုက်သည်။ "အဆင်ပြေပါတယ် စိတ်မပူနဲ့"

ယွမ်းစွော်က ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ဒီအချိန်မှာ သူ့မှာ အတွေးတစ်ခုပဲရှိသည်။ သူ မိုရိချန်ကို ကာကွယ်ရမည်။ ဒီအခြေအနေကို သူရှင်းရှင်းလင်းလင်း အကဲမဖြတ်နိုင်ပေမယ့် အခုအချိန်မှာ မိုရိချန်ကို ဖော်ထုတ်လို့ မဖြစ်ကြောင်း သူ့ပင်ကိုယ်အသိက ပြောနေကာ စိုးရိမ်စပြုလာသည်နှင့်အမျှ သူ့စိတ်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ သူ လုံပေါ်ရဲ့အကောင့်ကို အသုံးပြုပြီး လူတွေကို 'ပက်ဖြန်း'ခဲ့တုန်းက လုံပေါ်ရဲ့ဖြေရှင်းချက်မှာ သူ့အကောင့် ခိုးယူခံရထားကြောင်း ပြောကြားခြင်း ဖြစ်သည်။ ဆိုလိုတာက မိုရိချန်က သူ့အကောင့် အခိုးခံလိုက်ရတယ်လို့ ​အတူတူပဲ ပြောနိုင်တာပင်။

"မိုရိချန် ကျွန်တော် ဘာလုပ်ရလဲ သိသွားပြီ။ အခုတိတ်တိတ်လေးနေပြီး မင်းအကောင့် အခိုးခံထားရတယ်လို့ ပြောလိုက်တော့!" သူ့အသံက အနည်းငယ်တုန်နေသေးပေမယ့် အဖြေတစ်ခုကို တွေးထားပြီးသား ဖြစ်တာကြောင့် အများကြီးတည်ငြိမ်သွားခဲ့သည်။

ဒါပေမယ့် ရလဒ်ကတော့ မိုရိချန်က စဥ်းတောင်မစဥ်းစားတော့ဘဲ အဖြေကို ငြင်းဆိုလိုက်သည်။

 "မဟုတ်သေးဘူး"

"ဘာလို့လဲ" 

ယွမ်းစွော်က နားမလည်ပေ။

မိုရိချန်က မဖြေပေ။ ယွမ်းစွော်က သူ့ကို ကာကွယ်ချင်သလို သူကလည်း  အသေးလေးကို မကာကွယ်ပေးချင်တာတော့ မဟုတ်ပေ။ သူ့အကောင့် အခိုးခံရပြီလို့ပြောပြီး ကုမ္ပဏီရဲ့ လည်ပတ်မှုနှင့်အတူ ဒီပြဿနာကို ရှောင်နိုင်ပေမယ့် ဒါက ဒူဒူ့ကို မီးမောင်းထိုးပြနေနိုင်သည်။ အဲ့အချိန်ကျ ဒူဒူက အလွန်အမင်းနေရာရချင်နေပြီး ခြေထောက်ဖက်ဖို့ ကြိုးစားနေတယ်ဆိုတာကို အတည်ပြုသလို ဖြစ်သွားမှာ သူ စိုးရိမ်သည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now