အပိုင်း(၁၂၈)

Comenzar desde el principio
                                    

စုရန်လဲတီဗီကိုကြည့်လိုက်မိတယ်။အဲ့ဒါကအင်တာဗျူးအစီအစဉ်ဘဲ။

မေးတဲ့သူကသူမရဲ့လတ်လောအနုပညာလှုပ်ရှားမှုအကြောင်းကိုမေးနေတာ။အဲ့ဒါမေးပြီးတော့လူတွေအသိချင်ဆုံးမေးခွန်းကိုမေးလိုက်တယ်။

စုန့်ထင်ယွီနဲ့သူမတို့ရဲ့ဆက်ဆံရေးကဘယ်လိုလဲတဲ့။

မေးခွန်းမေးတဲ့လူကအဲ့ဒါကိုလဲမေးလိုက်ရော ပိုင်ချီရွေ့ရှက်သွားပြီး: 'ကောင်းပါတယ်။အရင်အတိုင်းပါဘဲ'

'ဝါး ဒီမိန်းမအရှက်မရှိဘူးလား?ဘယ်တုန်းကနင့်ယောက်ျားကသူနဲ့အတူတူရှိနေလို့လဲ?အခုအချိန်မှာတောင်သူတို့ကတွဲနေကြသေးတယ်လိုဟန်ဆောင်နေသေးတယ်နော်....'

ထျန်မီဒီလိုမျိုးတွေကိုဆက်မကြည့်နိုင်တော့ဘူး။သူမအရမ်းကိုဒေါသတွေထွက်နေပြီ။

မေးခွန်းမေးတဲ့လူကဆက်ပြီးမေးလိုက်တယ်: 'ပိုင်မိန်းကလေးရှင့် ဥက္ကဌစုန့်ကအခုလက်ရှိဇနီးနဲ့မကြာခင်မှာကွာရှင်းမယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။ကွာရှင်းပြီးရင်သူကပိုင်မိန်းကလေးနဲ့လက်ထပ်မှာဆိုတာအမှန်ဘဲလား?'

အင်တာဗျူးတွေမှာမေးခွန်းမေးတဲ့လူကအရမ်းကိုလည်ကြတာ။သူကမင်းကိုလွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဘူး။

ပိုင်ချီရွေ့ပုံစံကအစကတည်းကစိတ်ကိုကြိုတင်ပြင်ဆင်လာခဲ့တဲ့ပုံဘဲ။သူမဆံပင်ကိုသပ်လိုက်ပြီးပြုံးပြလိုက်ကာ: 'ဒီမေးခွန်းကိုတော့ကျွန်မမဖြေတော့ပါဘူး။အချိန်တန်ရင်အားလုံးသိသွားကြမှာပါ'

သူမအဲ့လိုဖြေပြီးလူတွေကိုစဉ်းစားခိုင်းလိုက်တယ်။လူတွေကတော့စုရန်နဲ့စုန့်ထင်ယွီတို့မကြာခင်ကွားရှင်းကြတော့
မယ်ဘဲထင်နေတာ။

တီဗီကြည့်နေတဲ့ထျန်မီအတော့်ကိုဒေါသထွက်နေပြီ။

'ဒီမိန်းမကအရှက်မရှိဘူးလား?

စုရန်လဲသူ့စိတ်အခြေအနေကိုကြည့်ပြီးသူတီဗီကိုမခွဲခင်ပိတ်လိုက်ရတယ်။

ထျန်မီစိတ်အေးသွားတော့မှဆိုဖာပေါ်မှာပြန်ထိုင်လိုက်ပြီးစုရန်ကိုကြည့်လိုက်ကာ: 'ပြောစမ်း စုန့်ထင်ယွီသူနဲ့အဆက်အသွယ်ဖြတ်လိုက်ပြီမဟုတ်လား?ဘာလို့လူတိုင်းကသူတို့အတူတူရှိနေသေးတယ်လို့ဘဲထင်နေကြတာလဲ?လူတွေကသူတို့လက်ထပ်ဖို့ကိုစောင့်နေကြသလိုဘဲ'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDonde viven las historias. Descúbrelo ahora