ဘယ်ဘက်ပါးပြင်ပေါ်က ပါးချိုင့်နက်နက် လေးကလဲ လူကို ရူးသွပ်စေအောင် ဆွဲဆောင်လွန်းသည် ။
ဒီလိုအံ့ဩဖွယ်ကောင်းတဲ့ အပြုံးလေးတွေ ထပ်ခါထပ်ခါ ပေါ်ပေါက်အောင် ကျွန်မဖန်တီးရအုံးမယ် ။

" 'မောင့်'..အပြုံးကို အရမ်းသဘောကျတာဘဲ..
အခုလိုဘဲ မောင့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေတာလေးဘဲ အမြဲမြင်ချင်တယ် "

" 'မောင့်' ကလေးမလေး ကတော့လေ.....

မောင်' ကျတဲ့ မျက်ရည် တွေကို..'မ' ကြောင့်ပဲ ဖြစ်စေချင်သလို...'မောင့်' အပြုံးတွေကလဲ 'မ'နဲ့မှဖြစ်တည်လာတာ ... မောင့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေက မအပေါ်မှာဘဲ မူတည်နေတော့တယ် မ.... မောင့်ဘဝမှာ မမရှိလို့မဖြစ်ဘူး "

ရင်ခွင်ထဲဆွဲထည့်ပီး ပြောလာတဲ့ 'မောင့်' စကားကြောင့် ကျွန်မ သဘောကျမိသလို ပျော်လည်းပျော်မိတယ် ။
မောင်ကလဲ မဘဝအတွက် မရှိလို့မဖြစ်တဲ့ ဖြစ်တည်မှုလေး တစ်ခုပါဘဲ ။

_________________*********______________

" အခုဆို...ငါ့သူငယ်ချင်းရဲ့ ရေခဲတုံးနှလုံးသားကြီးက မမရှေ့မှာ အရည်ပျော်သွား ခဲ့ပီပေါ့...."

အိမ်ပြန်ရောက်ကတည်းက လိုက်စနေတဲ့ လင်းဟာ အခု ညနေစာစားပြီးတဲ့ အချိန်ထိ လိုက်စလို့ မပြီးသေး ။

" 'လင်း'...ရာ မမောဘူးလား..ညနေကတည်း ကပြောနေတာ..."

လိုက်စနေတဲ့ လင်းတော့ မောမမောမသိဘူး ....
ကျနော်တော့ သူ့အစားမောနေမိတယ် ။

" မမောပါဘူး...ချစ်ရဲ့သားနဲ့ မြုံစိစိလုပ်နေတဲ့ မင်းကို တစ်ညလုံးတောင် ထိုင်ပြောပစ်ချင်တာ... မမဘက်က မြောင်းဖောက်ပေးနေတာတောင် မင်းကစီးရကောင်းမှန်းမသိဘူး ... မဟုတ်ဘူး..အမ်....စီးချင်ရက်နဲ့ ပြူတစ်ပြူတစ်လုပ်နေတာ "

လင်းရဲ့ စကားကြောင့် ကျ‌နော့်မှာရယ်ရမလိုလို ငိုရမလိုလိုနဲ့ ....
ခွန်းတုန့်ပြန်စရာ စကားလဲမရှိ ။ အမှန်တွေဆိုတော့လဲ ငြိမ်ခံနေရတော့တာပေါ့ ....

🎶🎶🎶🎶🎶🎶🎶

" Hello! 'မ'...."

" ........"

" 'မောင့်' ကလေးမလေး ကတော့လေ..အပြင်မှာ အေးနေတာကို ...ခဏလေး..'မောင်' အခုဆင်းလာခဲ့မယ်.."

 My Sunshine Where stories live. Discover now