" တကယ်နော်.... "
ကိုကိုက ခေါင်းညိတ်ပြတော့မှ ကိုယ်လေး လှုပ်ယမ်းကာ ခုန်ပေါက်မြူးထူးလျက် အခန်းထဲက ထွက်ခဲ့သည်။ မထွက်သေးခင် ကိုကိုက သူမအား လှမ်းခေါ်ကာ...
" အဲ့ဒီ စွမ်းထက်လင်းဆိုတာ ဘယ်လိုကောင်မျိုးလည်း ဂျူဂျူ... "
ဟမ်.... ဘာလို့မေးတာပါလိမ့်။
" အစွမ်းကလေးကလား... ရုပ်ချောတယ် စာတော်တယ်ဆိုပြီး ဘဝင်မြင့်နေတဲ့ကောင်လေ... "
" ဪ... "
" ဒါပေမယ့်..... အမီးပေါ်တော့ သဘောကောင်းပါတယ်။ မုန့်တွေဝယ်ကျွေးတယ်လေ... ပိုက်ဆံလည်း ချေးတယ် "
ဟယ် ငါ့ပါးစပ်ကနေ စွမ်းထက်လင်းကို သဘောကောင်းတယ်လို့ ပြောထက်သတဲ့။ ဖွဟဲ့ ဖွဟဲ့။ ငါ့ပါးစပ် ဝဲစွဲကုန်တော့မယ်...
" ငါ့ညီမလေးကတော့ မုန့်ဝယ်ကျွေးပြီး ပိုက်ဆံချေးတဲ့သူမှန်သမျှ သဘောကောင်းတယ် ထင်နေတော့မှာလားမသိဘူး... ငတုံးမလေး "
>>><<<
" ကိုကိုက ပြောတယ်... နင့်ပုစ္ဆာ မှားနေတာတဲ့ "
ဟာ... ဒီကောင်မလေး။
" အဲ့စာရွက်ကို နင့်အကိုကို သွားပြသေးတာလား လေးလုံးမ... "
" အေးလေ... စဉ်းစားလို့မှ မရတာ။ ကိုကို့သွားပြလိုက်တာပေါ့... "
" အဲ့ဒါကတော့ နင်စည်းကမ်းဖောက်တာပဲ။ ကိုယ့်ဘာသာမတွက်ပဲ သူများသွားမေးတာ "
" သူများမှမဟုတ်တာ... ငါ့အကိုလေ... "
" အေး... ဘာကိစ္စ အဲ့ဒါကို နင့်အကိုသွားပြရတာလဲ... "
" ငါတွက်လို့ မရလို့ပါဆို... "
ဒီလိုနဲ့ လုံးချာပတ်ချာ လည်နေတော့သည်။
" ဘာပဲဖြစ်ဖြစ်... နင့်ပုစ္ဆာ မှားနေတယ် "
" ငတုံးမမို့ မဖြေနိုင်တာ... အဖြေက ရှိပြီးသား။ ငါ့ပုစ္ဆာက မမှားဘူး... "
" အဲ့ဒါဆို တွက်ပြလေ "
စွမ်းထက်လင်းက သင်္ချာပုစ္ဆာပါသည့်စာရွက်ခေါက်လေးကို ခေါက်လိုက်ဖြည်လိုက်လုပ်နေသည်။
CITEȘTI
128 squareroot e980: A Maths I Can't Solve And A Love I Can't Catch.
DragosteZawgyi code is below. High school love story. She couldn't solve a maths so she missed a love.
4. 128 squareroot e980
Începe de la început
