Part 17 (Z)

1.9K 105 9
                                    

Nway Hnaung Wathan

သူဌေးမရောက်ခင် ရှုတ်ခဲ့ရတဲ့အလုပ်တွေက သူဌေးရောက်လာရင်တော့ ပြီး​လောက်မယ်ထင်ခဲ့ပေမဲ့ တစ်ရုံးလုံးရှုတ်ယှက်ခတ်အောင်ဖြစ်ရတော့မယ်လို့ ထင်မှတ်မထားခဲ့ပါ။

ဌာနတစ်ခုချင်းစီအလိုက် လုပ်ဆောင်ရမဲ့တာဝန်တွေနဲ့စီမံချက်တွေဟာ နွေခေါင်ခေါင်မှာရုတ်တရက်ရွာချလိုက်တဲ့မိုးလို တဖျောဖျောကျဆင်းလာပါတော့တယ်။

ဌာနအလိုက် ပြုပြင်ပြောင်းလဲခြင်းများအပြင် ကုမ္ပဏီအဆောက်အဦးပါမကျန်ပြင်ဆင်​နေရပါတော့၏။ ဝဿန်တို့ဌာနကတော့ ထမင်းတောင်အပြေးအလွှားစားရအောင်အလုပ်တွေများ​နေခဲ့၏။

ဒီကြားထဲ ရာထူးအပြောင်းအလဲတွေကရုတ်တရက်ပေါ်လာပြန်တော့ ဝန်ထမ်းတွေမှာရှော့ရိုက်ခံလိုက်သလို အံ့အားသင့်သွားရပါတော့တယ်။

ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေခဲ့တဲ့ Purchaser ကိုအေးလွင်တစ်ယောက် ညွှန်ကြားချက်တွေတစ်လှေကြီးနဲ့ ရန်ကုန်မြို့ကရှိရှိသမျှဆောက်လုပ်ရေးပစ္စည်းဆိုင်တွေနဲ့ ကုမ္ပဏီကြီးတွေဆီသွားပြီး ကမ်းလှမ်းမှုတွေလုပ်ခဲ့ရတယ်။

အင်ယာဌာနမှာလည်း ရာထူးအတက်အကျတွေရှိလာသလို ဝဿန်တို့ရုံးဝန်ထမ်းတွေဘက်မှာလည်း ရာထူးတက်သူကတက် ဌာနပြောင်းသူကပြောင်းနဲ့ HR အတွက်နားချိန်မရှိအောင်​ဖြစ်ခဲ့ရတယ်။

သက်သာရာ သက်သာကြောင်းနေနေတဲ့အပျိုကြီးခမျာလည်း အစည်းအဝေးတင်မက သူဌေးရုံးခန်းထဲကိုဝင်ချည်ထွက်ချည်နဲ့ထိုင်ရတယ်ကိုမရှိတော့ပါ။

HR လုပ်သက်အနှစ် ၂၀ ကျော်ကြာခဲ့တဲ့အပျိုကြီးရဲ့အရည်အချင်းတွေက ဒီသူဌေးနဲ့တွေ့မှပဲ ထုတ်ဖော်ပြသခွင့်ရသွားသလို အလုပ်လုပ်နိုင်စွမ်းတွေကလည်း အသိအမှတ်ပြုလောက်စရာဖြစ်ခဲ့တယ်။

အပျို​ကြီးမမတစ်ယောက် သူဌေးရောက်ပြီးတစ်လမပြည့်ခင်မှာ HR မန်နေဂျာရာထူးကနေ HR & Admin Manager ရာထူးကို ခန့်ခန့်ကြီးရရှိလိုက်ပါတော့တယ်။

ဝဿန်တို့ဌာနအတွက် အမျိုးသားဝန်ထမ်းတစ်ဦးနဲ့အမျိုးသမီးဝန်ထမ်းငယ်တစ်ဦးကိုထပ်မံခေါ်ယူခဲ့ပြီး ဝန်ထမ်းရေးရာကိစ္စတွေကို စနစ်ကျကျကြီးကြပ်စေခဲ့တယ်။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now