114

3.8K 640 10
                                    

ညဘက်၌ ရှာဖွေခြင်း
........................

လင်းကျန်က လင်းမောက်မောက်ကို ဖုချိုက်ဝေအချိန်လု၍ ထုပ်ပိုးနေရာ ဦးလေး၏ခြံသို့ ချီသွားသည်။ ထိုနေရာတွင် အစေခံများနှင့် နို့ထိန်းသည်များ အလုပ်ရှုပ်နေကြသည်။ အစေခံအားလုံးမှာ သူတို့သခင်၏အစီအစဉ်ကို မသိကြပေ။ သူတို့သခင်က ကျန်းကျိုးသို့ သွားမည်ဟု ရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်သဖြင့် သူတို့မနက်ဖြန်မနက်စောစော၌ ထွက်ခွာလိမ့်မည်ဟုသာ သိကြသည်။ အချိန်က တိုလွန်းသည်။

"မောက်မောက်၊ အောက်ဆင်းစမ်း။ မင်းက မင်းအစ်ကိုဆီမှာ အချီခံရမဲ့အရွယ် မဟုတ်တော့ဘူး။" ဖုချိုက်ဝေက လင်းမောက်မောက်အားချီ၍ အခန်းထဲသို့ဝင်လာသော လင်းကျန်ကိုတွေ့သောအခါ မြန်မြန်ဆန်ဆန်ထုပ်ပိုးနေရင်း ဆူလိုက်သည်။

လင်းကျန်က လင်းမောက်မောက်ကို အောက်ချပေးကာ ပြောသည်။ "သွားပြင်တော့။ မင်း သေချာပေါက်ယူသွားချင်တဲ့ပစ္စည်းမျိုးရှိသလားဆိုတာ သွားကြည့်ချေ။ ဘာကိုမှ မမေ့စေနဲ့။"

သူ့အစ်ကိုက သူနှင့်အတူတကယ်ခရီးမထွက်နိုင်မှန်း လင်းမောက်မောက်သိ၍ စိတ်မကောင်းဖြစ်နေသော်လည်း လင်းကျန်၏စကားကိုကြားသည်နှင့်အတူ ထုပ်ပိုးရင်းအလုပ်များနေသော အစေခံများကိုတွေ့သောအခါ အထဲသို့ပြေးသွားပြီး သူ၏ခေါင်းအုံးလေးကို ထုပ်ပိုးရန် အစေခံတစ်ယောက်ကို သတိပေးလိုက်သည်။

လင်းကျန်က ကောင်ကလေးစိတ်ပြေသွားသည်ကိုတွေ့သောအခါ အခန်းထဲမှ တိတ်တဆိတ်ထွက်လာကာ အရှေ့ဘက်ခန်းမငယ်သို့ ပြန်သွားသည်။

*****

နောက်တစ်နေ့မနက်စောစောတွင် ဝမ်ရှင်းဖုန်းနှင့် ကျိုးကောင်းရိတို့က သခင်ဟောင်းလင်းကို လာကြိုသည်။

ဖုချိုက်ဝေနှင့်လင်းမောက်မောက်တို့သည်လည်း လိုက်မည်ဟု ကုန်သည်နှစ်ယောက်သိရသောအခါ အနည်းငယ်အံ့ဩသွားကြသည်။ သူတို့ကထိုလမ်းအတိုင်းပင် ဆွေမျိုးအချို့အားသွားတွေ့မည်ဟု ကုန်သည်နှစ်ယောက်ကသိရသောအခါ အမျိုးသမီးနှင့်ကောင်လေးကို ခရီးပန်းတိုင်သို့ လုံခြုံစွာလိုက်ပို့ပေးမည်ဟု ကတိပေးကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now