Part 15

951 29 0
                                    

ကြိုးသည် မစတင်ရသေးသည့်  ပွဲတခုအတွက်ပင် အလွန်
ထိတ်လန့်နေမိပြန်သည်။ ဆိုဖီယာ၏ ကားလေး ခြံထဲမှ တရေးရေး ထွက်သွားသည့်တိုင် သူမထိုနားတွင်သာ ရပ်နေမိသေးသည်။ သူမ၏ အရှေ့တွင် ရပ်လာသော သူကြောင့် ကြိုး လှည့်ထွက်လိုက်သည်။
“ကြိုး ကိုယ် အရာအားလုံး ဖြေရှင်းပြီး ဆုံးဖြတ်ထားပြီ”
“ရှင် ဘာတွေလုပ်နေတာလဲ ရှင်အခုလုပ်နေတာတွေက ကျွန်မရော သမီးကိုပါ ဒုက္ခတွင်းထဲ ပို့နေတယ်ဆိုတာ ရှင်သိရဲ့လား”
“မဟုတ်ဖူးကြိုး ကိုယ်ကြိုးကို ချစ်တာလေ အဲ့ဒါကြောင့်”
“တော်ပါတော့ ချစ်တယ်ဆိုတဲ့ စကားကို ခဏခဏ မပြောနေပါနဲ့လား ရှင် ချစ်တယ်လို့ တခါပြောတိုင်း ကျွန်မရဲ့ ရင်ထဲက နာရလွန်းလို့ နာကျင်ရလွန်းလို့”
“အားလုံးက ကိုယ့်အမှားတွေပါ ကိုယ် ကြိုးကို စတွေ့တဲ့ အချိန်ထဲက ချစ်နေတယ်ဆိုတာကို ဝန်မခံရဲခဲ့ဘူး ဆိုဖီယာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အစထဲက သေချာပြတ်ပြတ်သားသား ရှင်းခဲ့ရမှာ”
ကြိုး၏ ကိုယ်လေးအား ရင်ခွင်ထဲ ထည့်ကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။သူနှင့် ဆိုဖီယာသည် တချိန်က ချစ်ခဲ့ဖူးသည့် ချစ်သူတွေပင်။ လွန်ခဲ့သည့် ခြောက်နှစ်က Family Company Party တွင် မဟော်တို့ လွန်ကြုးခဲ့မိသည့်ညက အဖြစ်အပျက်တွေက စီစီတီဗွီနှင့် ကြိုးမှ လွှဲ၍မည်သူမျှ မသိနိုင်ပေ။
            လေပူနွေးနွေးက ဆံနွယ်ထဲတွင် တိုးဝေ့နေလျက်။ ဖုန်းမြည်သံတခုကြောင့် ကြိုး မဟော်၏ဖုန်းကို ကောက်ကိုင်လိုက်သည်။  ဆိုဖီဟူသော နာမည်တခုနှင့်အတူ။
“ဟယ်လို မောင်လား”
“ဟို”
“ဘယ်သူလဲ ဟမ်”
            တဖက်က ထွက်လာသော ချွဲပစ်ပစ်နှင့် အပေါ်စီးဆန်ဆန်အသံ။
“ဟို”
“အိုး သိပြီသိပြီ မောင်နဲ့တို့က ချစ်သူတွေလေ မောင်ကို နှုတ်မဆက်ပဲ မလေးကို ဒိုးလာလို့ စိတ်ကောက်ပြီး မင်းကို ကစားသွားတာပဲ”
“မဟုတ်”
“ငြင်းမနေပါနဲ့ကွာ အခုလောလောဆယ်တော့ မောင့်ကို မင်းဆီ အပ်ထားခဲ့မယ် ဒါမယ့် အချိန်တန်ရင် တို့ပြန်ခေါ်မှာနော်”
“အား”
               ဖျားနေတာမဟုတ်ပဲ ညကြီး အိပ်မက်ယောင်ကာ လန့်အော်နေသော ကြိုး။ ဒီစကားတွေက သူမအား အမြဲခြောက်လန့်နေခဲ့ သည်ကို မည်သူသိမည်နည်း။ နားထဲ တိုးဝင်လာသော အော်သံကြောင့် မဟော် ကပြာကယာ တွန်းဖွင့်ကာ ဝင်လာခဲ့လိုက်သည်။ ဘယ်လောက်ဆိုးတဲ့ အိပ်မက်ကြောင့် ကြိုး ဒီလောက်လန့်နေရတာလဲ။
“မဟုတ် မဟုတ်ပါဘူး”
“ကြိုး ကြိုး သတိထားစမ်းပါ”
                ကြိုး၏ ပုခုံးလေးအား လှုပ်၍ နိုးလိုက်သည်။ ကြိုးထထိုင်ကာ သူအား ဆွဲဖက်၍ ငိုနေပါသေးသည်။
“ကြိုး ကြိုး”
             သူ၏ အကျီရင်ဘတ်သည်လည်း မျက်ရည်စတို့ဖြင့် ရွဲကုန်ချေ ပြီ။ သမီးလေးကတော့ အိမ်မပြန်ချင်သေးဟုဆိုကာ သူ့ဘွားဘွား အိမ်တွင် သွားနေလေရဲ့။ တကယ်တော့ ဟိုနေ့က ကိစ္စဖြင့် သမီး‌ေလး သူ့အား ရှောင်‌ေနခြင်းဖြစ်‌ေပသည်။ကြိုးကလည်း တရက်မှ  သူ့အား စကားဟမပြော။ သို‌ေပမယ့်အခုတော့ သူ့ရင်ခွင်တွင် မျက်နှာအပ်ကာ တမြေ့မြေ့ငိုနေလေသည်။
  “ဆောရီးနော်”
               သူမ ငိုလို့ဝတော့ သူ့အား ဖက်ထားသော လက်တွေကို လွတ်ကာ ‌စကားပြောလာသည်။
“ဘာကို တောင်းပန်တာလဲ တောင်းပန်စရာမလိုပါဘူး ဆက်ငိုပါ ကြိုးဝအောင်ငိုလိုက်နော်”
“ဟင့်”
“ငိုပါကြိုး ဒီနေ့က စပြီး ကြိုးဘဝမှာ မျက်ရည်ဆိုတာ မရှိစေရတော့ဘူး
ကိုယ် ကတိပေးတယ်နော်”
“ကြိုး ကြောက်နေခဲ့တာ ဆိုဖီယာ ဆိုတဲ့ မိန်းမ ဘယ်တော့ ပြန်ပေါ်လာမလဲ သူကြိုးကို ပြောခဲ့သလို ကို့ကို ဘယ်ချိန် ကြိုးဆီက ပြန်လာခေါ်မလဲ ဆိုတာတွေးပြီး ကြောက်ရွံ့နေခဲ့တာ”
“စိတ်ချနော် ဘယ်သူတွေပဲ ကာဆီးထား ကာဆီးထား ဘုန်းမဟော်ဆိုတဲ့ ကိုယ်က ရွှေချည်ကြိုး ဆိုတဲ့ ကြိုး အနားမှာ တသက်လုံးရှိနေမှာ”
ကြိုး၏ ခေါင်းလေးအား အသာပွတ်ကာ တိုးညင်းစွာ သူ ပြောလိုက်သည်။ ကြောက်ရွံ့မှုတွေက သူမအား ပို၍ ဒဏ်ရာဖြစ်စေသည် မဟုတ်လား။













အခန်း (၃)









                  ဟော်တယ်တစ်ခုလုံး ရောင်စုံဆလိုက်မီးများဖြင့် ဝင်းလက်နေ၏။ စကားပြောသံ ရယ်မောသံတွေက ဆူညံနေလှ၏။ အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် စတိုင်ကျနေသော ဘုန်းမဟော်၏ အထူးလူယုံမန်နေဂျာသည်ပါတကား။ အဖြူရောင် ဂါဝန်ကြီးတကားကားနှင့် ကြိုးထံလျှောက်လာသော ကိုမိုးမင်း၏ ဇနီးလောင်း ယုယမေ။
“မမကြိုး”
“ဟင် ယုယ”
“ဟိုဘက်မှာ ကိုဘုန်းစောင့်နေတယ် မမကြိုး”
“ဟယ် အဲ့ဒါကို သတိုးသမီးလောင်းကို လာခေါ်ခိုင်းရတယ်လို့ အားနာစရာကြီး”
“အားနာစရာမလိုပါဘူး လာလာ မမကြိုး”
           ဧည့်သည်တွေနှင့် စကားပြောနေရ၊နှုတ်ဆက်နေရသော်လည်း စိတ်ထဲက သူမကိုသာ မျှော်နေမိသည်။ အိမ်မှ ထွက်စဉ်ထဲက တူတူထွက်မည်ဟု ပြောသော်လည်း လက်မခံကာ သူမ၏ကားဖြင့်သာ ထွက်လာသည် မဟုတ်လား။ သမီးလေးကလဲ အိမ်မှာ လာမနေသေးသဖြင့် အတော်ပင် ညည်းငွေ့စရာကောင်းလှသည်။တကယ်ဆို သမီးလေးက သူ့ကို အခုထိ စိတ်ကောက်နေသေးသည် မဟုတ်လား။ တခါတလေ ဆိုဖီယာက ရောက်ရောက်လာသေးသည်။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now