*** လူတိုင်း အမှားမကင်းဘူးဆိုပေမယ့် မမတို့ လူငယ်တွေက မိဘနှစ်ပါးအပေါ်မှာ စကားအဖြစ်တောင် အမှားလုပ်ခွင့်မရှိဘူး၊ ဖခင်ချစ်ခြင်းတွေကို သိတက်နားလည်စေချင်တဲ့ အတွက် ဒီအပိုင်းကို မမ ချပြတာပါ***
" ပါး...ပါးပါး "
"သားသား...ဘယ်လိုနေသေးလဲ ၊ဘယ်နား နာလဲဟင် သားသား၊ ပါးပါးကို ပြော"
"ပါးပါး..ဟင့် ...သားသား လက်နာတယ် ၊ ဖက်ထားပေးပါ သားသားကို "
" အေးပါ သားရယ် ၊ မနက်ဖန် ဦးဦးမြဲ လာမှာ သားသားလက်ကို အနာပျောက်အောင် ကုပေးမှာနော် သား ၊ ပျောက်မှာပါသားရယ် အရမ်းနာနေလား သား"
"ပါးပါး....သားသား ဒယ်ဒီလားဟင် ၊ ဦးဦးက "
"ဟင်.."
"ပါးပါး ပြောတော့ သားသားဒယ်ဒီက ဝေးကြီးမှာဆို ၊ ခု ဟိုဦးဦးက သားသား ဒယ်ဒီတဲ့ ပါးပါး"
" ဟင်...အဲ့ဒါတွေ ထားပါ သားရယ်၊ သားသား လက်ကလေးနာနေသေးလား ပြပါအုံး ပါးပါးကို ၊ မနက်ဖန် ဦးဦးမြဲလာရင် ပါးပါးတို့ မူန့်စားသွားကြမယ် "
သားသားက တခါတလေ သူ့ရဲ့တခြမ်းယုတ်ဖခင်နှင့် သိပ်တူတာ၊ သူ သိချင်တာရှိရင် သိအောင်လုပ်တာမျိုး၊ လိုချင်တာရှိရင် ဘယ်လိုယူရမလဲ တွေးတက်တာမျိုး ဒီအရွယ်ကလေးကတည်းက သားငယ်မှာ အဲလိုဗီဇ ပါလာခဲ့သည်။ သူကလည်း အမည်မထိုက်တဲ့ဖခင်မို့ သူ့သွေးပါတာ ၊ သူနဲ့အကျင့်တူတာ၊ သူနှင့် ပုံစံတူတာ မဆန်းဘူး ဒါပေမယ့် စိတ်ပူတယ် ၊ အစွဲသိပ်ကြီးမှာ အတ္တကြီးမှာ၊ အလိုကြီးပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချမိမှာ ကျွန်တော် သိပ်ကြောက်တာ။ သိပ်ချစ်ရတဲ့သားမို့ ကျွန်တော်အမှားမခံနိုင်ဘူး။ မွေးရာပါဗီဇလေးမို့ တဖြေးဖြေး ပြုပြင်ယူရမှာပဲ။ ကလေးအရွယ်သာသာမို့ ကျွန်တော်က အတက်နိုင်ဆုံး မျှတမူဖြင့် ကြည့်ရူတက်အောင်၊ အတ္တကင်းကင်းဖြင့် အစွဲကြီးတာမျိုး မဖြစ်အောင်၊ ပတ်ဝန်းကျင် သဘာဝလောက ကြီး ကို သဘာဝကဲ့သို့ ကြည့်ရူ့တက်အောင် သင်ရမည်။ ပါးပါးက သိပ်ချစ်တာမို့ သားသားက ကောင်းစွားကြီးပြင်းပေးပါ။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...