မုဒြာသားလေးမွေးဖွားပြီးနောက် ဆေးရုံရဲ့သီးသန့်အခန်းတွင်း၌သာ နေနေရပြန်သည် ။ ပိုးသတ်ဆေးနံ့တွေနေရာတိုင်းမှာ ပြန့်လွင့်နေတဲ့ ဆေးရုံကြီးမှာ မုဒြာမနေချင်တော့သလို အပြင်လောကကြီးကို သားလေးနဲ့အတူထွက်ကြည့်ဖို့ စိတ်အားထက်သန်နေသည် ။
အိပ်ယာနိုးထလာတော့ သူ့ဘေးနားမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့သားလေးကမရှိနေတော့၍ မုဒြာလန့်ဖြန့်သွားကာ အခန်းအပြင်ပြေးထွက်လာခဲ့သည် ။ အခန်းရဲ့အပြင်ဘက်မှာ အစောင့်တွေရှိနေကြပြီး ပြေးထွက်လာတဲ့မုဒြာအား ဖမ်းချုပ်လိုက်ကြသည် ။
" မင်းတို့ ဘာလုပ်တာလဲ … ငါ့ကိုလွှတ် "
" သခင်လေး အပြင်ထွက်လို့မရပါဘူး "
" မင်းတို့ ဆေးရုံထိပါ ငါ့ကိုချုပ်နှောင်နေတာလား … ဧကရာဇ်မောင်ကိုခေါ်ပေး "
" Boss က အစည်းအဝေးရှိနေလို့ ခနနေပြန်လာမှသခင်လေးကို လာတွေ့မယ်လို့ပြောပါတယ် … လိုအပ်တာရှိရင်ကျွန်တော်ကိုခိုင်းပါ "
လင်းထက်က မုဒြာကိုဖမ်းချုပ်ထားတဲ့ သူ့နောက်လိုက်တွေကို လွှတ်ခိုင်းပြီး သူကိုယ်တိုင်ထိန်းကိုင်ပေးကာ ချော့မြူပြောဆိုတော့မှ မုဒြာအနည်းငယ်စိတ်သက်သာယာရသွားသည် ။
" ဒါဆို ငါ့သားလေး ခုဘယ်မှာလဲ "
" သခင်ငယ်လေး လုံခြုံတဲ့နေရာမှာ ရှိနေပါတယ် … Boss က သခင်လေးရဲ့ချုပ်ရိုးတွေအရှင်းပျောက်ကင်းမှ ရင်သွေးလေးကိုပွေ့ချီခွင့်ပေးဖို့ မှာထားတာကြောင့်ပါ … နို့တိုက်ချိန်ရောက်ရင် သခင်ငယ်လေးကို ခေါ်လာပေးမှာမို့ အထဲကိုဝင်ပြီးစောင့်နေပါ "
မုဒြာစိတ်ကိုပြန်လျော့ပြီး အခန်းထဲပြန်ဝင်လာခဲ့ရသည် ။ သားလေးအား မွေးကင်းစအရွယ်က တစ်ကြိမ်သာ အချိန်အကြာကြီး ပွေ့ချီဖူးပြီးနောက် အားရအောင်ပွေ့ချီခွင့်မရသေးပေ ။ ဧကရာဇ်မောင်က သားလေးကိုအနားမှာ တစ်ချိန်လုံးခေါ်ထားပြီး နို့တိုက်ချိန်ရောက်မှသာ မုဒြာထံပေးသည် ။
ခုသူမရှိတဲ့အချိန်တွေမှာတောင် မုဒြာတစ်ယောက်ထည်း အခန်းထဲမှာ ခွဲစိတ်ဒါဏ်ရာပျောက်ဖို့အတွက် ကုသမှုခံယူနေရပြီး ကလေးနဲ့လဲ အခန်းခွဲပြီးနေနေရသည် ။ ဒီအခြေအနေက သားလေးနဲ့သူ့အား ကမ္ဘာခြားထားသလို ခံစားနေရ၍ မုဒြာမပျော်ပေ ။
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...