Unicode
~~~~~~~~မုဒြာနဲ့အဆက်အသွယ်လုပ်မရတော့ ဇွဲက ယံယံထံဆက်သွယ်လာသည် ။
" ယံယံ မုဒြာအဆင်ပြေရဲ့လား … ဧကရာဇ်မောင်ဆိုတဲ့ကောင် ငါ့ကိုမုဒြာနဲ့ ဖုန်းလေးတောင် ပေးမပြောဘူး "
" အာ … အင်း မုဒြာအဆင်ပြေပါတယ် … မွေးဖွားချိန်နားနီးလာတော့ အိမ်မှာပဲ နေနေတယ်လေ "
" အဲ့လိုသိရတော့ ငါလဲစိတ်အေးရတာပေါ့ … မင်း ဧကရာဇ်မောင်ကိုလဲ သေချာကုသပေးလိုက်ဦး … သူ့ပုံစံကအရင်ကထက် ပိုခက်ထန်လာတယ် "
" စိတ်ချပါ … သူတို့ကိုငါဂရုစိုက်လိုက်ပါ့မယ် "
ဇွဲဖုန်းချသွားတော့မှ ယံယံသက်ပြင်အရှည်ကြီးချလိုက်သည် ။ တကယ်တော့ ယံယံလဲ မုဒြာနဲ့အဆက်အသွယ်မရသလို ဧကရာဇ်မောင်ရဲ့ကျန်းမာရေးအခြေအနေကိုလဲ စစ်ဆေးခွင့်မရပေ ။
ဇွဲကိုသာအမှန်တိုင်းပြောလိုက်လျှင် ဇွဲကငြိမ်မနေပဲ ဧကရာဇ်မောင်အား ပြဿနာရှာလိမ့်မည် ။ ထိုအခါမှ ဧကရာဇ်မောင်ဟာ မုဒြာကိုမေမြို့ထက်ဝေးတဲ့ဘယ်နေရာကိုခေါ်ပြီးဖွက်ထားမလဲမသိနိုင်၍ ယံယံလိမ်ညာလိုက်ရခြင်းဖြစ်သည် ။
မုဒြာလဲမွေးဖွားချိန်နီးပြီမို့ သူတို့ရဲ့အစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့လိုလာပြီ ။ ဒီတစ်ခေါက်သာမအောင်မြင်ခဲ့ရင် မုဒြာနဲ့ဧကရာဇ်မောင်ကို ကူညီနိုင်ဖို့ အခွင့်အရေးမရှိတော့ပေ ။ မုဒြာက ဧကရာဇ်မောင်ရဲ့ချုပ်နှောင်မှုတွေကြောင့် ပိုပြီးစိတ်မွန်းကြပ်လာသလို ဧကရာဇ်မောင်ဟာလဲ မုဒြာကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့် သူ့ရဲ့ရောဂါအခြေအနေကပိုဆိုးလာသည် ။
မုဒြာ မနေချင်တဲ့ချုပ်နှောင်ခံရသည့်ဘဝကနေလွတ်မြောက်ခွင့်ရဖို့နဲ့ ဧကရာဇ်မောင်ရဲ့ မတည်ငြိမ်တဲ့စိတ်တွေကို ပြန်လည်စုစည်းနိုင်ဖို့ အကောင်းဆုံးအရာက သူတို့အား ခွဲခွာလိုက်ခြင်းသာဖြစ်လေသည် ။ ထိုသို့ပြုလုပ်မှသာလျှင် မုဒြာလဲလွတ်လပ်တဲ့ခံစားမှုကိုရရှိကာ ပျော်ရွှင်နိုင်ပြီး ဧကရာဇ်မောင်လဲ သူကြာက်ရွံ့နေတဲ့ဆုံးရှုံးမှုကိုခံစားရပြီးနောက် အဆွဲအလမ်းတွေကိုလက်လျော့ကာ သူ့ဘဝသူကယ်တင်နိုင်လိမ့်မည် ။ ထိုအရာက သူတို့အတွက်အနည်းငယ်တော့ နာကျင်ရမည်ဆိုပေမဲ့ ရွေးချယ်စရာနည်းလမ်းမရှိတော့ပေ ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...