111

4K 672 7
                                    

ကျားမိသားစုပြစ်ဒဏ်ကျခြင်း၊ အစေခံများ၏ သစ္စာဖောက်မှု
..........................................................................

ထောင်ဖန်းပြန်သယ်လာသည့် သတ္ထုတွင်းလုပ်သားအလောင်းများမှာ လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေပင်။ ယခုတစ်ကြိမ်တွင် ကျားမိသားစုမှလူများမှာ လည်ပင်းအညှစ်ခံထားရသကဲ့သို့ ဆွံ့အသွားကြသည်။ သူတို့က အခိုက်အတန့်မျှ တိတ်နေကြပြီးနောက် မျက်ရည်ကျကြတော့သည်။

"သူတို့မှာ တခြားပြောစရာတစ်ခုခုများ ရှိဦးမလားမသိဘူး။" ဝမ်တရှန်ကပြောသည်။

'ခုနလေးတင်ကတောင် ဒီလူတွေက သူတို့တကယ်အထင်လွဲခံလိုက်ရသလိုမျိုး နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး သရုပ်ဆောင်နေတာမဟုတ်လား။' သူက ဒေါသထွက်ထွက်ဖြင့် တွေးမိသည်။

အဖြူရောင်အဝတ်စဖြင့် ဖုံးထားသည့် ဤအလောင်းများက ရုံးတော်သို့သယ်သွားခံရပြီး ကျားမိသားစုမှလူများနှင့် ဝိုင်းကြည့်နေသူများက နောက်မှလိုက်လာကြသည်။ ခန်းမထဲတွင် ထောင်ဖန်းတရားစီရင်မည်ကို စောင့်နေသူများနှင့် ပြည့်နှက်နေသည်။

ထောင်ဖန်းက သူ၏အရာရှိဝတ်စုံကိုမြန်မြန်လဲလိုက်ပြီး တရားစီရင်မှု စတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။ ကျားယင်က သမားတော်တစ်ယောက်ကြောင့် နိုးနေပြီးသားပင်။ သခင်မကျားက သူ့ဘေးမှကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး ခေါင်းငုံ့ကာ ရှိုက်ငိုနေသည်။ ထိုလင်မယား၏နောက်တွင် ကျားမိသားစုမှအခြားလူများ ဒူးထောက်နေကြသည်။

"ကျားယင်၊ မင်းရဲ့သတ္ထုတွင်းမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေကို ခေါင်းပုံဖြတ်၊ အနိုင်ကျင့်ပြီး သတ်ရတဲ့အကြောင်းရင်းကို ပြောပြစမ်း။" ထောင်ဖန်းက သံပြတ်နှင့်ပြောသည်။

ကျားယင်က ခဏပင့်သက်ရှိုက်ပြီးမှ ဖြည်းဖြည်းချင်းပြန်ပြောသည်။ "အရာရှိကြီး၊ ဒီသတ္ထုတွင်းလုပ်သားတွေကိုသတ်တာက ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘယ်သတ္ထုတွင်းလုပ်သားကိုမှ မသတ်ဖူးပါဘူး။"

ထောင်ဖန်းက အပြစ်ဆိုသည်။ "လူလိမ်။ ဒီလူတွေကို မင်းရဲ့မိသားစုဝင်တွေကသတ်သွားတာကို သတ္ထုတွင်းမှာ အလုပ်လုပ်နေတဲ့ လုပ်သားတစ်ရာကျော်က သက်သေခံပြီးသွားပြီ။ ရုံးတော်သားတွေ၊ သက်သေတွေကိုခေါ်လာခဲ့။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now