special extra 2

Începe de la început
                                    

မဟုတ်ရင် ထင်ထင်က သူ့ပါးပါးကိုသိပ်ပိုင်စိုးချင်တာကြောင့် ရိပ်ထင်မှာ အိမ်ထောင်သည်တို့ဘာသာလွတ်လွတ်လပ်လပ် နေချင်၊ချစ်ချင်ပါသော်လည်းမရပေ။ ဒါကြောင့် အခွင့်အရေးကိုအပြည့်အဝအသုံးချကာ ခြွေ့အနားတွင် ကပ်ခွာတစ်ခုကဲ့သ်ို့ အချိန်ပြည့်ကပ်တွယ်ထားပြီး ကလေးအနားလည်းခဏသာသွားခွင့်ပေးထားသည်။ရတဲ့အခွင့်ကောင်းကို အကျိုးရှိရှိအသုံးမချတတ်ပါက မှိုင်းရိပ်ထင်မဟုတ်တော့ပေ။


ရိပ်ထင်သည် ခြွေနှင့်နှစ်ယောက်တည်းအတူရှိချင်လို၍ လူအုပ်များကြားထဲမှ ခြွေ့အားဆွဲခေါ်လာကာ သဲသောင်ပြင်တစ်လျှောက်တွင် လမ်းလျှောက်ရန်လာခဲ့ကြသည်။ ညနေစောင်းအချိန်အခါလေးဖြစ်သောကြောင့် ပင်လယ်ရေလည်းတက်လာကာ လတ်ဆတ်သောလေအေးလေးများကလည်း တိုးဝေ့တိုက်ခတ်လာသည်။ ခြွေက ဝိုင်ဖြူအနည်းငယ်သောက်ထားသဖြင့် လေတိုက်လာသောအခါ ရိပ်ရိပ်လေးမူးလာခဲ့သည်။ရိပ်ထင်သည် သူ၏ဘေးတွင်ကပ်လျှောက်၍ ပါးမို့လေးများတွင် ပန်းရောင်ဖျော့ဖျော့လေးသမ်းနေသော ခင်ပွန်းလေးရဲ့မျက်နှာကို တစ်ချက် ၊ တစ်ချက်ငေးကြည့်ကာ ရင်ခုန်သံတို့တိုးလာပြီး သူ၏အသည်းနှလုံးကို လက်သည်းချွန်လေးများဖြင့် ထိုးဆွနေသလိုယားယံလာတော့သည်။



နှစ်ယောက်သား ဘာစကားမှမပြောကြဘဲ အတွေးကိုယ်စီဖြင့် ကမ်းခြေတစ်လျှောက်လမ်းလျှောက်လာရင်း မလှမ်းမကမ်းမှ two piece swimsuitများဖြင့် ရေကူးနေကြသောဆယ်ကျော်သက် နိုင်ငံခြားသူလေးတစ်စုကိုမြင်လိုက်ရသည်။ခြွေက ထိုမိန်းကလေးတစ်စုကိုမမြင်ချင်ယောင်ဆောင်ကာ ကျော်သွားပေမယ့် ရိပ်ထင်ကတော့ တစ်ချက်လှမ်းကြည့်မိလိုက်သည်။ သူ့စိတ်ကနေပေမယ့် သူ့မျက်လုံးကမှ မနေဘဲလေ။ ထိုအခါတိုက်တိုက်ဆိုင်ဆိုင်ပင် ဆံပင်အဝါရောင်ရှိသောကောင်မလေးတစ်ယောက်သည် ရိပ်ထင်နှင့်အကြည့်ချင်းဆုံသွားကာ သူမကရိပ်ထင်ဆီသို့ ရုတ်တရက်ကြီးပြေးလာသည်။ သူမက ရိပ်ထင်အားလှမ်းခေါ်၍ သူမတို့အုပ်စုကိုဓာတ်ပုံရိုက်ပေးနိုင်မလားဟုမေးကာအကူအညီတောင်းလေသည်။


ရိပ်ထင်က မိမိရှေ့မှ နီနီရဲရဲမျက်နှာထားနှင့် ခြွေ့ကိုတစ်ချင်လှမ်းကြည့်ပြီးနောက် ကြိတ်ပြုံးသွားကာ ခေါင်းငြိမ့်လက်ခံလိုက်သည်။ ထိုအခါ သူမက ပျော်ရွှင်သွားဟန်ဖြင့် အနီးအနားရှိသဲသောင်ပြင်ပေါ်တွင်နေရာချထားသော သူမတို့အိတ်ထဲမှ ကင်မရာတစ်ခုကိုကပျာကယာထုတ်ယူလိုက်ပြီး ရိပ်ထင်ကိုပေးကာ  ရေထဲပြေးဆင်းသွားလိုက်သည်။ ရိပ်ထင်က ရေထဲတွင် အမူအယာအမျိုးမျိုးဖြင့် ကိုယ်ဟန်ချီနေသည့်မိန်းကလေးတစ်စုကိုဓာတ်ပုံအနည်းငယ်ရိုက်ပေးလိုက်ပြီး ရှေ့မှထွက်သွားသည့်ခြွေ့နောက်သို့ အလျှင်အမြန်ပြေးလိုက်ရတော့သည်။


ေႁခြ (ခြွေ) (Completed) Unde poveștirile trăiesc. Descoperă acum