Unicode
~~~~~~~" အမြန်အထုတ်အပိုးတွေပြင် … ငိုနေလို့မပြီးဘူး "
လင်းရှိန်က ဒေါကြီးမောကြီးဖြင့် သမီးဖြစ်သူကိုအော်လိုက်တော့မှ လူတကာရဲ့သတွေးခွက်ထဲမှာမြောနေ၍ စိတ်ကယောင်ခြောက်ခြာဖြစ်နေတဲ့ ကသစ်ပန်း ထလာတော့သည် ။
သူမရဲ့အစီအစဉ်တွေအားလုံး အဆင်ပြေပြီထင်ထားပေမဲ့ သူမရဲ့သရုပ်မှန်ကို လွယ်လွယ်လေးထုတ်ဖော်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ ။ သူမဘက်ကအမြဲ ကာကွယ်ရပ်တည်ပေးတဲ့ ဖခင်ဖြစ်သူဟာလဲ ခုချိန်မှာ သူ့ရဲ့မကောင်းမှုမှန်သမျှ သက်သေတွေအားလုံး အရာရှိတွေထံရောက်ရှိနေပြီမို့ ထွက်ပြေးဖို့အတွက်ကိုသာ စိတ်လောနေပြီး သူမအားဂရုမစိုက်တော့တဲ့အပြင် အော်ကာငေါက်နေသေးသည် ။
ထိုစဉ် သူတို့ရဲ့လူယုံက အလောတကြီးရောက်လာပြီး သတင်းပေးလာသည် ။
" ဆရာ ကျွန်တော်တို့လမ်းတွေအားလုံး အပိတ်ခံထားရတယ် "
" ဘာ !! မဖြစ်နိုင်တာ … ဒီနေရာထိ သူတို့ဘယ်လိုအနံ့ခံနိုင်ကြတာလဲ "
" ကျွန်တော်ထင်တာတော့ မမလေး Live လွှင့်လိုက်တာကြောင့် တည်နေရာကို သိရှိသွားတယ်လို့ထင်တယ် … ခုအချိန်မရှိတော့ဘူး … ဒီကနေအမြန်ထွက်ပြေးမှရမယ် "
လင်းရှိန်က ပို၍ ဒေါသထွက်သွားကာ ကသစ်ပန်းအား ဒေါသတကြီးကြည့်လိုက်ပြီး …
" ပစ္စည်းတွေထုတ်ပိုးနေဖို့အချိန်မရှိတော့ဘူး … အသက်ရှင်ချင်ရင် အနောက်ကနေ လိုက်လာခဲ့ "
ကသစ်ပန်းကလဲ လန့်သွားပြီး သူမပစ္စည်းတွေအားလုံးကိုထားခဲ့ကာ အမြန်လွတ်မြောက်ဖို့ ပြေးထွက်လာခဲ့ကြသည် ။ တစ်ကြိမ်တစ်ခါမှ အသက်အန္တရာယ်နဲ့မကြုံဖူး၍ ကသစ်ပန်းတုန်လှုပ်နေသည် ။ လင်းရှိန်က သူမလက်ထဲကို သေနတ်ထည့်ပေးလိုက်ပြီး …
" ဒါငါပေးနိုင်တဲ့ နောက်ဆုံးသောအမွေပဲ … မင်းအသက်ကိုမင်းကာကွယ်ပြီး လွတ်အောင်ပြေး "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...