(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး

Start from the beginning
                                    

"ဘာမှမဟုတ်ဘူး။"

"ဒါပေမယ့် မင်းပုံစံက"

""ငါ မရည်ရွယ်ဘဲ ငါကိုယ်တိုင်ငါ့လက်နဲ့ဖျက်စီးခဲ့တဲ့ အတိတ်"

''ဘာ?"

"မင်းသိစရာမလိုပါဘူး"
စုန့်ကျောင်းယွဲ့က ထထွက်သွားတယ်။ သူတို့ကို အစွမ်းကုန် ကူညီမယ်လို့ ဆုံးဖြတ်ထားပြီးသား။ သူမရဲ့ ကြိုးစားမှုတွေကို အလကားအဖြစ်မခံနိုင်ဘူး။

စစ်ပွဲအတွက် လုံဟန့်ပြင်နေတာ ပြီးသလောက်ရှိနေပြီ။ ထိုးစစ် မစခင်တစ်ရက်အလိုလောက်မှာ တပ်သားတွေကို သူတစ်ရက်အနားပေးလိုက်တယ်။ ညပိုင်းစစ်ဆင်ရေးအတွက် လက်ရွေးစင်ပြောက်ကျားတပ်တစ်ခုကိုလည်း သူပြင်ထားပြီသား။ သိုင်းကိုတစ်ဖက်ကမ်းခတ်အောင်ထူးချွန်တဲ့လူစုပေါ့။ စုန့်ကျောင်းယွဲ့လို ယွီခွမ်းတို့လိုလူစုတွေလည်းပါတယ်။ သူတို့က ညပိုင်းမှာ လျှို့၀ှက်လမ်းကြောင်းကနေ မြို့ထဲကထွက်ကြီး မနက်ခင်း ရန်သူကိုတိုက်တဲ့အခါမှ လာပေါင်းကြမှာ။

စစ်တိုက်ဖို့က လုံဟန့်အတွက် မနက်အထိစောင့်ရမယ်။ ဘာလိူ့ဆို ရန်သူတပ်က စစ်ကိုဘယ်တော့မှ ညဖက်မတိုက်ဘူး။ အလံဖြူထောင်ထားသ၍လည်းသွားတိုက်လို့ကမရဘူး။ ပြီးတော့ အံ့အားသင့်သွားအောင်လုပ်ရမယ့်ကိစ္စလည်းရှိသေးတယ်။ ရုတ်တရက်ထိုးစစ်ဆင်တာကြီးက သူတို့ရှေ့ဘွားခနဲပေါ်လာမယ်လို့ ဘယ်သူမှ ထင်ကြမှာမဟုတ်ဘူး။

စစ်တိုက်မယ့်နေ့မရောက်ခင် သူတို့ ညစာစားပွဲလုက်ကြတယ်။ ထမင်းချက်တပ်သားတွေနဲ့အတူ ပိုင်ရှန်းရှို့ပါ ညစာအတွက်၀င်ပြင်တာပေ့ါ။ မဟုတ်လည်း သူမမှာလုပ်စရာမှမရှိတာ။  စစ်ဗျုဟာသမားတစ်ယောက်အတွက် မီးဖိုချောင်၀င်တယ်ဆိုတာ အရမ်းရှားပေမယ့် လေ့ကျင့်ရေးကွင်းမှာလိုပဲ သူမရဲ့ညွှန်ကြားချက်အတိုင်း သေချာလိုက်လုပ်ပေးကြတယ်။ သူမရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ မြို့သားတွေဆီက ၀က်နှစ်ကောင်၀ယ်လိုက်တယ်။ ပြီးတာနဲ့ အဲ့ဒါကို တပ်သားတွေဖို့ချက်ပေးတယ်။  ၀က်နှစ်ကောင်ကိုကိုင်ဖို့ အတော်လေး ဒုက္ခများလိုက်ရသေး။

လုံဟန့်နဲ့ တပ်သားတွေမှာ ဒါမျိုးတွေပြင်ဆင်နေဖို့အချိန်မရှိခဲ့ဘူးလေ။ ၀က်သားတွေလည်း သူတို့စားပွဲပေါ်ရောက်လာရော အတော်လေးအံ့သြသွားကြတာ။ လုံဟန့်တောင် အံ့အားသင့်တယ္။ သူချက်ချင်း ပိုင်ရှန်းရှို့ကိုမေးလိုက်တာပေါ့။
"မင်း ဒါတွေကို တစ်နေ့လုံးပြင်ထားတာလား"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now