"ကျွန်တော့်မေမေကပြောဖူးတယ် တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ထားရင် တခြားသူကိုမပေးပစ်ရဘူး ပစ္စည်းဥစ္စာကအစ ချစ်ခြင်းမေတ္တာအဆုံးပဲတဲ့။"
၀တ္ထုတစ်ပုဒ်မှာ ပါတဲ့သဘောကျတဲ့စာသားလေးကို Note book ထဲထည့်ကူးရင်း သက်ပြင်းပင့်သက်ချကာ မျက်စိရှေ့က ရေပြင်ကျယ်လေးကိုငေးကြည့်မိတယ်။ ဘေးခုံကအတွဲကလည်း ကြည်နူးနေသလို ကန်ရှေ့ကမိသားစုကလည် ပျော်ဖို့ကောင်းနေပုံပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်လာရင် Asahi ဆိုတဲ့ကျွန်တော်က တိတ်တဆိတ်ပဲငေးကြည့်မိတယ်။ မသက်ဆိုင်တဲ့အရာတစ်ခုလိုပေါ့။ တစ်ကောင်ကြွက်ဆိုတဲ့ဘ၀ကငယ်ငယ်လေးထဲကမို့ အရွယ်တစ်ခုရောက်လာတော့လဲထူးထူးခြားခြားပြောင်းလဲသွားတာသိပ်မရှိပါဘူးရယ်။ မိဘမဲ့ဂေဟာမှာကြီးပြင်းလာတဲ့ ကျွန်တော်က ဂေဟာမှူးရဲ့ထောက်ပံ့ကြေးနဲ့ မိဘတွေရဲ့အမွေပိုင်ဆိုင်မှုအနည်းငယ်နဲ့ပေါင်းပြီးကော်ဖီဆိုင်အသေးစားလေးဖွင့်ထားတယ်။ပိတ်ရက်တွေဆို ပန်းခြံနားမှာထိုင်ပြီး ပန်းချီဆွဲရင်ဆွဲရင်မဟုတ်ရင်စာဖတ် လုပ်နေတတ်တယ်။ပေါင်းသင်းဆက်ဆံရေးသိပ်မကောင်းတော့ သူငယ်ချင်းမိတ်ဆွေရှားတယ်ရယ်။အတွေးတွေထဲမျောနေရင်း မိုးကရွာချလာပြီ ဖတ်လက်စစာအုပ်တွေ လွယ်အိတ်ထဲအမြန်ထည့်ပြီး နီးစပ်ရာ ကားမှတ်တိုင်၀င်ခိုမိတယ်။ဖြစ်ချင်တော့ အဲ့နေ့မှကိုယ်စီးမယ့်ကားကနောက်ကျနေလေရဲ့ မှတ်တိုင်မှာတစ်စတစ်စလူတွေရှင်းလာပြီ ရုတ်တရက်အရှေ့ကို လူတစ်ယောက်လာရပ်ပြီး ထီးလေးကိုကမ်းပေးတယ် ကြည့်လိုက်တော့ထီးအရောင်က ပန်းရောင်လေးရယ် သူကတော့ အနောက်တိုင်း၀တ်စုံကိုအကျအန၀တ်ထားလေရဲ့ ထီးကိုမယူသေးပဲသူ့ကိုကြည့်လိုက်တော့။
"ဘာကြည့်နေတာလဲ ယူလေဗျာ"
"မယူပါဘူး။သိမှမသိပဲ"
"ခင်ဗျားမှာထီးမရှိလို့ ထိုင်နေတာမလား။"
"မဟုတ်ပါဘူး။ကားစောင့်နေတာပါ"
"ဪ ထီးတော့မရှိဘူးမလား။အဲ့တော့ယူပါဗျာ"
"မယူပါဘူး မကိုင်ချင်လို့တောင် ထီးမယူလာတာကို"
"ခင်ဗျားကဘယ်ကလဲ။"
"တစ်မှတ်တိုင်ကျော်က ကော်ဖီဆိုင်ကိုရယ်။"
"အာ အတော်ပဲကျွန်တော်လဲအဲ့သွားမလို့ အဲ့ကကိတ်လေးအိမ်ကမှာလိုက်လို့ ၀ယ်မလို့ရယ်။"
VOCÊ ESTÁ LENDO
RAIN
Conto"ကျွန်တော်မေမေကပြောဖူးတယ် တစ်စုံတစ်ယောက်အတွက်ရည်ရွယ်ထားရင် အခြားသူကိုမပေးပစ်ရဘူး ပစ္စည်းဥစ္စာအစ ချစ်ခြင်းမေတ္တာအဆုံးတဲ့" #Jaesahi #Jaehyuk #Asahi #Treasure
