အပိုင်း(၃၇)

13.1K 669 90
                                    

Special Chapter for my dear

" ဟိတ်ကောင် မင်းလာခဲ့ ၊ မင်းနှင့် ငါ နဲ့ရှင်းမယ် ....သက်ကို မင်းလင်ကိုခေါ်ခဲ့ "

"ဟား..ခင်များက ဘာရှင်းချင်နေသေးတာလဲ၊ ဟမ် ကျုပ်ပြောတာ အမှန်တရားတွေ ကြီးပဲ၊ ခင်များတို့က သိပ်မှန်နေသလား ၊ ကျုပ်တို့က နှစ်နာသူနော် "

" မောင်....ကိုရဲရင့် ဘယ်လိုဖြစ်တာ လဲ "

" ညီလေး ထက်ပိုင် ..Jackson ဘယ်လိုဖြစ်ရပြန်တာလဲ"

"လာ အကုန်လာ ကျုပ်အကုန်ရှင်းမယ်၊ မောင် အကုန်ပြောမှရတော့မယ် ရိပ် ၊ လာ ဧည့်ခန်း ခဏ လိုက်ခဲ့ပေး၊ သက်ကို မင်းလင်ကိုခေါ်ခဲ့ "

"ကျုပ်ပြောတာ နားထောင်ပေးပါ ၊ ခင်များတို့ သိချင်တာ အကုန်ဖြေပေးမယ်"

တို့ဖြစ်ကြတဲ့ပြသနာအားလုံးက ရဲရင့်ဆီကလာတယ်လို့ ပြောမရဘူး ၊ သူလုပ်ခဲ့တာ မမှန်ပေမယ့် ကျွန်တော်တို့အားလုံးက သူတစ်ယောက်တည်းကိုပဲ အပြစ်ပုံချလို့မရဘူး။ လူဆိုးတစ်ယောက်ကအမြဲ ဆိုးတဲ့လုပ်ရပ်တွေ မလုပ်သလို၊ လူကောင်းတစ်ယောက်ကလည်း သူ့လုပ်ရပ်တိုင်းက အကောင်းတွေကြီး မဟုတ်နေပြန်ဘူး။ လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာရှိကြတယ်။ သူ့လုပ်ရပ်ကို လက်မခံနိုင်တိုင်း သူက လူဆိုးလို့ပြောမရသလို၊ ကိုယ်ယုံကြည်ရာ လူက လုပ်တိုင်းအမြဲမှန်တယ်ပြောမရဘူး။ လူပုဂ္ဂိုလ် ကိုးကွယ်မူ ယုံကြည်မူကလည်း အရေးကြီး
တယ်။ ခု ကျွန်တော်တို့အားလုံး ရဲရင့်ဟန်သာ လုပ်ရပ်ကို ရူံ့ချကြတယ်၊ လက်မခံနိုင်ကြဘူး။ သူကမိုက်ရိုင်းတယ်၊ ယုတ်မာတယ် သူ့လုပ်ရပ်တွေက လက်ခံပေးလို့မရဘူး။ သူ့ရဲ့ ဆိုးကွက်ကိုမြင်ကြပြီးရင် သူ့ရဲ့ကောင်းကွက်လေးတစ်ကွက်ကိုရော ရှာကြည့်ပေးလို့ မြင်နိုင်ကြရဲ့လား။

သူ့ ဘာလို့မိုက်ရိုင်းလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုရလဒ်ကို သူလက်ခံရမည်လဲ စသည့် မေးခွန်းများစွာနှင့်အတူ အကြောင်းအရာဖြစ်ရပ်အားလုံးမှာ အကျိုး/အကြောင်းဆိုတာ ရှိနေစမြဲပဲ။ သူ့နေရာကို နေပြီး သူခံစားချက်အတိုင်း ငါသာသူနေရာမှာဆိုမလုပ်ဘူးဆိုတဲ့ အပြောတွေက စကားလုံးသက်သက်ပဲ။ ရဲရင့်ဟန်သာလိုသာ ကြီးပြင်းခဲ့လိုက်၊ သူလိုပြီးပြည့်စုံတဲ့ ငွေဘုံနန်းကို ခင်များ ခံစားကြည့်လိုက် ဘယ်လိုလဲ၊ တရားထိုင်နေမှာလား၊ ကျင့်စဉ်ကျင့်မှာလား၊ စာပေဖတ်ပြီးနေမလား ။ရဲရင့်ဟန်သာလို ငယ်ရွယ်ချောမောနေတဲ့ ပညာတက် လူချမ်းသာတစ်ယောက်က သုံးမကုန်တဲ့ ငွေကြေး ဥစ္စာတွေ ဖင်ခုထိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့တရားထိုင်နေရလောက်အောင် ပါရမီ ပါမလာခဲ့ဘူး မဟုတ်လား။ ကျွန်တော်တို့ ဘဝတွေက ဘာကိုအဓိကထား လိုက်လံရှာဖွေနေသလဲ၊ ပြည့်စုံမူ ငွေ ဆိုတဲ့အရာကို လူတိုင်း အသည်းအသန်ရှာဖွေနေကြတာမဟုတ်လား

ချစ်ခြင်းတို့အလွန် Where stories live. Discover now