"သခင်လေးပြန်လာရင် စာကြည့်ခန်းကိုလာခဲ့ဖို့ ဆရာကမှာထားပါတယ်...."
ခြံတံခါးကို ဖွင့်ပြီး အိမ်ထဲသို့ခြေလှမ်းလိုက်ခြင်းမှာပဲ သူ့အနားကိုရောက်လာသည့် ဒယ်ဒီ့လူယုံ ကိုတားကြီး၏စကားကြောင့် သူ့ကျောင်းဝတ်စုံကို သတိတရနဲ့ စမ်းမိသည်။
"ကျွန်တော် ကြိုပြင်ထားပေမယ့်...ဆရာက အပိုတွေမလုပ်ထားနဲ့ဆိုပြီး ယူသွားပါတယ်"
ဒယ်ဒီနဲ့ သူ့ကြားမှာ အလုပ်များပြီးခေါင်းရှုပ်နေရသည့် ကိုတားမျက်နှာက မကြည်မလင်နဲ့မို့ သူ့ဘက်ကအေးအေးဆေးဆေးနဲ့ပဲ...
"ရတယ်။ ထားလိုက်တော့...." ဟု ဆိုခဲ့လိုက်ပြီး စာကြည့်ခန်းသို့ ဦးတည်သွားလိုက်သည်။"ဒယ်ဒီ...."
"ထိုင်ဦး......."
စာကြည့်စားပွဲအထက်မှ စာအုပ်ထံကနေအကြည့်မလွှဲပဲ သူ့အား မျက်နှာချင်းဆိုင်စားပွဲရှေ့မှထိုင်ခုံတွင်ဝင်ထိုင်စေသည်။ အချိန်ကြာသည်အထိ သူ့ကိုမော့ကြည့်မလာပဲ စာရင်းတွေကိုသာ ကြည့်နေသည့်ဒယ်ဒီ့ပုံစံကြောင့် ထိုင်နေရတာကို သူစတင်ပြီး ပျင်းရိလာသည်။
"ထည်ဝါ ကျောင်းဆင်းလာပြီပဲ..."
တံခါးဖွင့်သံနှင့်အတူ စာကြည့်ခန်းထဲသို့ ဝင်လာသော မာမီ့ဆီကိုသူအပြေးသွားလိုက်ပြီး မာမီ့လက်ထဲရှိ ပန်းကန်ကိုကူသယ်ပေးလိုက်သည်။ ပြီးနောက်တွင် မီမာနဲ့အတူ ဒယ်ဒီ့အနားကိုလျှောက်လာပြီး စားပွဲပေါ်မှာ ပန်းကန်းကိုဂရုတစိုက်နဲ့ပဲ တင်ပေးဖြစ်သည်။
"အကွေး..."
"အင်း....."
"ညနေစာအတွက် ကုန်တိုက်သွားမယ်လို့ ပြောတယ်မလား။ အချိန်တောင်လင့်တော့မယ် ထင်တယ်..."
"ဟုတ်တယ်။ ငါ ကောင်းကိုစောင့်နေတာ"
"ဘယ်လိုလုပ်မလဲ..ဒီနေ့တော့ ကျွန်တော်လိုက်နိုင်မှာမဟုတ်ဘူး ဖြစ်နေတယ်။ ဒီမှာလေ လချုပ်စာရင်းတွေက ဒီနေ့အပြီးသတ်ပေးမှဖြစ်မှာ...."
"ဒါဆို ကျွန်တော်လိုက်ခဲ့မယ်လေ မာမီ။
ကျွန်တော်နဲ့ဆိုလည်း ဖြစ်တယ်မဟုတ်လား...""ဒယ်ဒီ့စာရင်းတွေ ကြည့်ကူမှာလို့ မင်းပဲပြောထားပြီး ထည်ဝါ....."
ထိုင်ခုံကနေချက်ချင်းထ,လာသည့် ဒယ်ဒီက သူ့ကိုယ်ကို ဆွဲယူပြီး၊ သူ့ပခုံးပေါ် လက်တင်ကာ အတင်းဖိထားပြီး သူ့အားမာမီနဲ့အတူ လိုက်မသွားစေရန် ပြောသည်။ မာမီကို ပ,ထုတ်ပြီး ဒယ်ဒီ့တော့ သူ့ကိုနှိပ်စက်တော့မည်ထင်သည်။
YOU ARE READING
အချစ်ဦး (Completed)