Part 30

194 17 18
                                    

" Newက P Tayကို ကြိုက်နေတာ....... "

" မဟုတ်ဖူး Tayကသာ Newကို သဘောကျနေတာ...... "

" အာ..... Newဘက်က ကြိုက်နေတာပါဆို ဗျာ.....  "

" Tayဘက်ကပါဆို...... "

" Newဘက်ကဆိုတာက ပိုသေချာတယ် ညက သူကိုယ်တိုင်ဝန်ခံထားတာ.... "

" နာမည်ထည့်ပြောလို့လား.... ဟမ် ပြောပါအုံး.... "

" အဲ့တာက P Tayဆိုတာ သေချာနေတာကြီးကို လိုမှမလိုဘဲ "

" လိုတယ် မင်းမဟုတ်တာတွေ မပြောနဲ့ Tayကသာ Newကို ကြိုက်နေတာ.... "

" မဟုတ်...... "

" ဟာ...... တော်ကြပါတော့ 2ယောက်စလုံးမှန်နေရဲ့သားနဲ့ ဒါကိုပဲ အငြင်းအခုန်လုပ်နေကြတယ် တော်တော်အားယားနေကြလား...... "

တစ်ယောက်တစ်လှည့်ပြိုင်ငြင်းနေကြတဲ့ Sing နဲ့ Kristကို Gunလဲ နားကြားပြင်းကပ်တာနဲ့ အော်ပစ်လိုက်တယ်.....

2ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတာ အသိသာကြီးကို ဘာဖြစ်လို့များငြင်းနေကြတာပါလိမ့် အချိန်ကုန်တယ်မလား......

Gunအော်တော့ Singတို့ 2ယောက်သား သူ့ဆီအကြည့်ရောက်လာပြီး.....

" မင်းက သိနေတယ်ဆိုတော့ သူတို့2ယောက်သာ အတွဲတွေဖြစ်သွားရင် လက်ခံတယ်ဆိုတဲ့သဘောလား "

" သူတို့ချင်းချစ်လို့တွဲတာပဲ ကျနော်က လက်မခံနိုင်စရာအကြောင်းဘယ်ရှိမှာလဲ "

" ဒါပေမဲ့ Tayက Gunမမရဲ့...... "

" အဲ့တာက အတိတ်ပါ အကိုရာ P Tayလဲ မရှိတော့တဲ့လူတစ်ယောက်ကို စွဲလမ်းပြီးနေဖို့ကျ သူ့အတွက်မတရားသလိုဖြစ်နေမှာမလား..... "

" Gunလေးက တကယ်စိတ်သဘောထားကောင်းတဲ့သူပဲ..... "

" ဟုတ်တယ် Kitရဲ့အာ့ကြောင့် သူ့အကိုကြီးက သူ့ကိုသိပ်ချစ်တာ ..... "

Kristပခုံးကို အသားယူပြီးဖက်ကာပြောနေတဲ့ Singကို Gunလဲအမြင်ကပ်ကပ်နဲ့ ခေါင်းတစ်ချက်ရိုက်ကာ..

" အပိုတွေပြောမနေပါနဲ့ Singရယ် အခုတောင်ငါတစ်ယောက်ထဲဖြစ်နေတာ မင်းမမြင်လို့လား...... "

Singလဲ Gunဆံပင်လေးကိုလှမ်းဖွရင်း......

" ငါ့သူငယ်ချင်းလေး သနားပါတယ် သူ့ဘဲကြီးက သူ့ကိုမချစ်ရှာတော့ဘူး....... "

Smile And Lose Where stories live. Discover now