ကြောင်နားရွက်တွေ ၊ အမြီး၊ သားရေကြာပွတ်၊ လက်ထိတ်တွေနဲ့ အမည်မဖော်နိုင်သော ထူးဆန်းသည့်အရာများကို သူမြင်ခဲ့သည်။  သူတို့ကဘာတွေလဲဆိုတာကို သူ မပြောနိုင်ပေမယ့် သူတို့က အရမ်းဆိုးတယ်ဆိုတာကိုတော့ ပြောနိုင်ပါသေးတယ်။

ကျိရှင်းလန် က သူ့မေးစေ့နဲ့အမူအရာပြပြီး ယန်ချုံးရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။  “တစ်ခုရွေးလိုက် ”

“မရွေးဘူး!”  ယန်ချုံး က ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

'ကြောင်နားရွက် ဝတ်ရမလား? အဲ့တာက ကလေးဆန်လွန်းတယ်!  ဒါက ကလေးကစားစရာရီး!'

‘What the heck?!  ငါက အရွယ်ရောက်ပြီးသား Alphaတစ်ယောက်ပဲ'


ကျိရှင်းလန်က ၎င်းကို သူအနည်းငယ်ငြင်းပယ်နေသည်ကို  မြင်သောအခါတွင် သူ့ကို ဆက်လက်ဖိအားမပေးတော့ပေ။  သူက ရက်ရောဟန်ဆောင်လိုက်ပြီး “မင်းမရွေးချယ်တဲ့အတွက် မင်းအတွက် ကိုယ်ရွေးချယ်ပေးပါ့မယ်” လို့ပြောလိုက်တယ်။


ယန်ချုံး မျက်မှောင်ကြုတ်လိုက်ပြီး ကျိရှင်းလန်က အထုပ်ထဲမှ ကြောင်နားရွက်နှင့် အမြီးကို ထုတ်ယူနေသည်ကို တွေ့လိုက်ရသည်။

ကျိရှင်းလန်က သူ့(ယန်ချုံး)အပေါ် ကြောင်နားရွက်ကို တပ်လိုက်တဲ့အခါ သူ့အရှက်တရားကို ခံနိုင်ရည်ရှိခဲ့ပါတယ်။  ဒါပေမယ့် ကျိရှင်းလန်က  လုံလောက်ပြီလို့ မထင်ဘဲ သူ့အတွက် အမြီးတပ်ပေးရန် တွန်းအားပေးခဲ့သည်။

ယန်ချုံးက ကြောင်အမြီးကို အကဲခတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် တပ်ရန် ကိရိယာမရှိသည်ကို တွေ့ရှိခဲ့သည်။  ဒါနဲ့ သူက အမြီးကိုကိုင်ပြီး အဆုံးမှာ သတ္တုပစ္စည်းတစ်ခုကို တွေ့လိုက်တယ်။  ထို့နောက် အဖြောင့်ကောင်လေးက “ဒါကို ငါမဝတ်နိုင်ဘူး၊ ငါလုပ်လို့ရပါ့မလား? !”လို့ရိုးစင်းတဲ့မေးခွန်းတစ်ခုကိုသာ မေးလိုက်တယ်။


ကျိရှင်းလန်က သူ့အား အဓိပ္ပါယ်ဖော်၍မရသော အကြည့်ဖြင့် ကြည့်နေသည်။  “ဟုတ်တာပေါ့ မင်းလုပ်နိုင်ပါတယ်။ငါသင်ပေးမှာပေါ့ ” လို့ ပြောတဲ့အခါ သူ့အသံက အနည်းငယ်အောပြီးနက်ရှိုင်းသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now