အပိုင်း ၂၆ zawgyi

Start from the beginning
                                    

စိမ်း၏ စိတ်ကို သိနေ၍ ဘာပဲဖြစ်ဖြစ် သည်းခံနိုင်ပေမယ့် ဒီနေ့တော့ မဟုတ်ခဲ့ပေ။အလှူသွားတုန်းကတော့ အဆင်ပြေပြေပါပဲ။ အလှူမှာ စားသောက်နေရင်း သူ့အနားသို့ ကလေးတယောက် ရောက်လာလေသည်။ကလေး ဆိုပေမယ့်လည်း ငယ်လွန်းသည်တော့ မဟုတ်။၉တန်း၊ ၁၀တန်း အရွယ်လောက်တော့ ရှိမည်။ကလေး က သူ့ကို မြင်သည်နှင့် သူ့လက်ကို ဆွဲကာ ပွေ့ဖက်ရင်း "ကိုကြီးဧည့်သည်" ဆိုသော နာမည် တခုနှင့် သူ့ကို ရင်းရင်းနှီးနှီး ခေါ်လေသည်။သူ့လက်ကို အတင်းဆွဲထားပြီး သူ့ကိုသူလည်း သားက ငယ်လေး လေ ဟု ပြောလေသည်။သူ သေချာကြည့်ပေမယ့် သူမသိပေ။စိမ်း ကလည်း သိလားဟု မေးတော့ မသိလို့ မသိဘူးဟု သူဖြေသည်။ကလေးက သူ့ကို အတင်းတွယ်ကပ် နေသည်။စိမ်း က မောင်းထုတ်လိုက်သည့် အတွက် ကလေး က ငိုပြီး ထွက်သွားလေသည်။သူ စိတ်မကောင်း ဖြစ်သွားသည်။စိမ်း ထင်နေသလို သူ့ကို လာရောသော ကလေးတော့ မဖြစ်နိုင်။သူ့အသိတယောက်နှင့် တူ၍သာ လူမှားခြင်း ဖြစ်နိုင်သည်။သူ စိတ်မကောင်း ဖြစ်သွားသည့်အတွက် ကလေး နောက်ကို လိုက်သွားမိသည်။စားစရာတွေ ပြင်ဆင်နေသော အခန်းပေါက်နားမှာပင် ကလေး ကို သူမြင်လိုက်သည်။ကလေး ကို လှမ်းခေါ်လိုက်ပေမယ့် အနားမှာ ပါလာသော ကောင်လေး တယောက်က သူ့ကို အကို ဟု လှမ်းခေါ် လိုက်သည်။ထိုကောင်လေးက ကလေး ၏ အကို ဒါမှမဟုတ် အသိတယောက် ဖြစ်ဟန်တူသည်။သူ ဂရုမစိုက်နိုင်တော့။သူ ဂရုစိုက်မိတာက ကလေး။ဒီကလေး၏ မျက်ရည်ဟာ သူ့နှလုံးသားကို လောင်မြိုက်စေသည်။သူနှင့် သိခဲ့သည် ဆိုလျှင်တောင် ဘယ်နေရာမှာ သိခဲ့သလဲ ဆိုတာ သူသိချင်မိသည်။သူ့ကို ဘယ်မှာများ သိခဲ့သလဲဟု ကလေး ကို မေးခွန်းမေးနေပေမယ့် ကလေးဆီမှ အဖြေမရခင် ဘေးနားမှာ ပါလာသူ တယောက်က "ကျွန်တော်တို့ကို တကယ်မသိတာလား" ဟု လှမ်းမေးလေသည်။သူလည်း တကယ်မသိကြောင်း အမှန်အတိုင်းပင် ဝန်ခံမိသည်။သူ၏ အငြင်းစကားကြောင့် ကောင်လေး၏ မျက်နှာမှာ ဝမ်းနည်းရိပ်ထင်သွားသည်ကို ခန့်မှန်းသိရှိလိုက်သည်။ထပ်မံကာ ကောင်လေးက ပြောသည်။သူတို့ကို မသိချင်ယောင်မဆောင်ပါနဲ့။သေချာပြန်စဉ်းစားပါဦးတဲ့လေ။တကယ်ကို သူ့အသိထဲမှာ ကောင်လေးနှင့် ကလေး၏ ပုံစံမျိုးကို မရှိလို့ ထပ်မံငြင်းဆိုမိလေသည်။သူ့စကားကြောင့် ကောင်လေး၏ သူ့စကားကို တမျိုးထင်မြင်သွားပြီ ဆိုတာကို သူခန့်မှန်းမိလေသည်။သူ ဆိုလိုသည့် အဓိပ္ပာယ်ဟာ ကောင်လေး ထင်သလို မဟုတ်ကြောင်း ရှင်းပြဖို့ ကြိုးစားနေချိန်မှာပဲ စိမ်း က သူ့အနားသို့ ရောက်လာလေသည်။ကောင်လေးနှင့်ကလေးကို မောင်းထုတ်လေသည်။သူ၏ စိတ်မကောင်း ဖြစ်မှုအတိုင်းအတာဟာ ပိုပြီး ကြီးမားလာသည်။ကောင်လေး က စိမ်း၏ အပြောကို ရှက်သွားပုံ ရသည်။သူတို့ လူမှားသွားကြောင်း တောင်းပန်လေသည်။လူမမှားနိုင်ဘူး ဆိုတာ သူ့စိတ်ထဲမှာတော့ အလိုလို ခံစားမိသည်။ဒါပေမဲ့ သက်သေပြစရာ၊ အကောင်အထည်ဖော်ပြစရာ သူ့မှာ ဘာမှ မရှိပေ။တဖက်သား အပေါ် နှိမ်ချဆက်ဆံတတ်သော စိမ်း အကြောင်း သူသိနေသည့်အတွက် ဒီ့ထက်ပိုပြီး ရင့်သီးသည့် စကားတွေ ထွက်မလာအောင် စိမ်း ကို သူထိန်းမှ ဖြစ်မည်။သူ့ကို ပြန်ဖို့ လက်ဆွဲခေါ်နေသော စိမ်းကို ငြင်းမနေတော့ဘဲ စိမ်း နောက်သို့ သူလိုက်ခဲ့လိုက်သည်။သူ့ဆီမှာ စိတ်မကောင်းခြင်းတွေ၊ အားနာစိတ်တွေ ရှိနေသည် ဆိုတာကိုတော့ ကောင်လေးနှင့် ကလေး ကို သိစေချင်ပါသည်။ ဝမ်းနည်းစိတ်တွေ ပြည့်လျှံနေသည့် ကောင်လေး မျက်နှာကိုလည်း သူအခုထိ မေ့မရသေးပေ။သိခဲ့ဖူးသူများ ဆိုလျှင်တောင် ဘယ်နေရာ ဘယ်အချိန် တုန်းက သိခဲ့သလဲ ဆိုတာကိုတော့ သူသိချင်မိသည်။သူ့ဦးဏှောက်ကိုလည်း အကြိမ်ကြိမ် အလုပ်ပေးနေမိလေသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now