မူးလဲကျသွားသော မေမေကို အသိဆရာဝန် နှင့်ကုသ စေတယ်။ စိတ်ဖိစီးမူများလို့ တစ်ခဏတာနှလုံးရှော့ဖြစ်တာလို့ ပြောပြခဲ့တယ်၊ နှလုံးရောဂါရှိတဲ့ လူနာမို့ မိသားစုက စိတ်ချမ်းသာအောင်ထားစေချင်သည်တဲ့။ အိပ်ယာထက် နွမ်းဖျော့စွာ လှဲနေပါသော မေမေကိုကြည့်ပြီး နာကျင်လိုက်တာ ၊ အသည်းဆိုင်တွေ ပြုတ်ကျသွားသည့်အလား ကျေကွဲရပါပြီ။ ရင်တွေကွဲနေပါပြီ သားအမှား၊ သားမိုက်တာ ၊ ကျွန်တော်က သားမိုက်။ မိဘကို အရှက်ခွဲတာ၊ မျိုးရိုးဂုဏ်ကို ညိုးနွမ်းစေတဲ့သားမိုက်.သားကြောင့်ပါ..အားလုံးသားကြောင့်ပါဗျာ။
"သား....."
"မေ..မေမေ.."
"မေမေ သတိရလာပြီ...မေမေ..အီး...ဟီး...ဘာမှမဖြစ်လိုက်ပါနဲ့...သားတောင်းပန်ပါတယ်ဗျာ.."
"သား ....ဖိုးသားလေး..မေမေတို့ကို အကြောင်းစုံ ရှင်းပြပါအုံးကွယ်..မေမေရင်တွေပူလှပါပြီ"
" မေးမနေနဲ့ မိမိုး...ပစ်ထားလိုက် ...မင်းကျန်းမာရေးသာ ဂရုစိုက်...ဒီကောင်က ...အလကားကောင်....သူထိုက်နဲ့သူကံပဲ....."
"ဟုတ် မေမေ...သားရှင်းပြပါ့မယ်"
ဒေါသတကြီး အံ့ကိုကြိတ်ရင်း တောက်စ်ခေါက်နေပါသော ဖေဖေကို မော့မကြည့်ရဲ ၊ နာကျင်နေပါသော ကျောကို အန်တုရင်း မေမေကို အကြောင်းစုံရှင်းပြမိသည်။ လူ့ငယ်သဘာဝအလျှောက် မှားယွင်းစွာဖြစ်ပေါ်ခဲ့သော လိင်စိတ်၊ ဝင်းထက်နဲ့ အခန့်မသင့်၍ ခွဲနေခဲ့ကြပုံ၊ ကိုကိုရဲ့ အမည်နှင့် အလုပ်အကိုင်၊ အသိုင်းအဝိုင်းကြီးမားပုံ။ အချက်အပြုတ်သင်တန်းတက်သည့်ဆိုတဲ့ အကြောင်းအရာပါ မပါမဖြစ်ရှင်းပြမိသည်။ ကိုကိုက အချစ်ဦး၊ အချစ်ဆုံးမို့ သားကိုသာ အပစ်တင်ပါ ၊ တဖက်လူက ဘာမှမသိခင်ကတည်းက သားက ချစ်ခဲ့မိတာပါ။ အပြစ်တွေအားလုံးက သားဆီကမို့ ကိုယ့်ကိုပဲ အပြစ်ပေးပါ ၊ ရိုက်နက်ပါ ။ ကိုယ့် ချစ်ခြင်းက ရင်ကွဲလုမတက်နာကျင်ရသည်တဲ့လား ။
"မေမေသားလေး ဝဋ်ကြီးလှပါ့လား ဖိုးသားလေးရယ်"
မချိတကဲရေရွတ်လို့ သားဖြစ်သူရဲ့ ခေါင်းလေးကို ပွတ်ပေးမိသည်။ ငယ်စဉ်ကတည်းက ထူးခြားစွာ သားအိမ်ပါလာသည့်သားမို့ အစစအရာရာ ထိမ်းသိမ်းစောင့်ရှောက်ပြီး မျက်စိအောက်မှာပင် ကြီးပြင်းစေခဲ့သည်။ ဒါတွေကို သားအဖေဖြစ်သူကလွဲ လူသိမခံနိုင်တဲ့ဖြစ်ရပ်မို့ သားအဖေက အရှက်ကြီးရှက်ခဲ့တယ်။တစ်ချိန်ကြ မိဘကို အရှက်ခွဲမယ့်သားလို့ သားအဖေက စကားဦးသန်း နိမိတ်ဖတ်ဖူးခဲ့သည်။ မျှော်လင့်မထားတဲ့ ညနေ ခင်း တစ်ခုမှာ ကားဂိတ်ကနေ အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါသော ပါဆယ်က ကျွန်မတို့မိသားစုကို ရှင်ကွဲကွဲစေသလား၊ ရင်ကွဲစေသလား။ ရက်စက်လိုက်ကြတာ ဘယ်လိုလူမျိုးကများ သားအဖေ လိပ်စာနဲ့ အတိအကျပို့ကြသလဲ။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...