Unicode
~~~~~~~ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြားကနေ ခက်ခက်ခဲခဲ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ အရင်တုန်းကတည်ရှိနေခဲ့တဲ့ ခံစားချက်တွေက အစိတ်စိတ်အမွှာမွှာကွဲကျေကာ အရင်လိုပြန်ပြီး ဖြစ်မလာနိုင်တော့ပေ ။
ကုမုဒြာဆိုတဲ့ပန်းလေးက မိခင်ရဲ့အပြုံးတွေနဲ့အတူ ရှင်သန်လာပြီး မိခင်အပြုံးတွေ ပျောက်ကွယ်သွားချိန်မှာ မိခင်ပေးခဲ့တဲ့ ခွေးလေးကိုအဖော်ပြုရင်း ဘယ်တော့များ မိခင်လာခေါ်မလဲ စောင့်နေခဲ့သည် ။ သူ့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ခွေးလေးဟာလဲ ရုတ်တရပ်ပျောက်ကွယ်သွားကာ သူ့ထံမိခင်ပြန်လာဖို့အတွက် လမ်းစမရှိတော့ဘူးဟု ထင်မိလာသည် ။
ရုတ်တရပ် သူ့လိုမျိုး အဖော်မဲ့ကာအထီးကျန်နေတဲ့ လူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အနားမှာ ရှိနေစေဖို့ ချုပ်နှောင်ခဲ့မိသည် ။ သူငတ်မွတ်နေခဲ့တဲ့ မေတ္တာတရားကို ထိုလူသားလေးထံကနေရရှိဖို့မျှော်လင့်နေခဲ့ပေမဲ့ ထိုအရာက သူ့အပေါ်နွေးထွေးမှုမပေးတဲ့အပြင် အမြဲနာကျင်စေကာ အဆုံးမှာပြစ်ပယ်ခံလိုက်ရပြန်သည် ။
အဲ့ဒိနောက် ကုမုဒြာရဲ့စိတ်နှလုံးအိမ်ထဲမှာ ဒါဏ်ရာဖြစ်ပေါ်လာခဲ့ပြီး ဘယ်အရာကိုမှ သူ့အပေါ်နူးညံ့လာဖို့ မျှော်လင့်ချက်မထားတော့ပဲ သူ့ဘဝရဲ့အမှားတွေကို ပြန်သုံးသပ်မိလာသည် ။
ကုမုဒြာဟာ အရာအားလုံးကို လက်လွှတ်ဖို့ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ အနာဂတ်မှာ လူတွေမက်မောနေကြတဲ့ သူပိုင်ဆိုင်သည့်စည်းစိမ်ကြွယ်ဝချမ်းသာမှုတွေကို စွန့်လွှတ်ပြီး သူ့အပေါ်နွေးထွေးမှုအစစ်အမှန်ပေးနိုင်မဲ့ သူ့ရဲ့တစ်ဦးတည်းသောရင်သွေးလေးနဲ့အတူ သာမန်ဘဝလေးမှာသာ ရှင်သန်ဖို့ တွေးထားပြီးလေပြီ ။
ကုမုဒြာအိမ်မက်ဆိုးကြီးကနေ နိုးထလာချိန်မှာတော့ သူ့ရဲ့အမြင်အာရုံထဲ၌ အဖြူရောင်မျက်နှာကြပ်က စည်းကြိုနေသည် ။ ခုချိန်မှာ လူတွေနဲ့အဝေးဆုံးနေရာကိုသာ ပြေးထွက်သွားပြီး နောက်ထပ်သူနဲ့ရင်သွေးလေးကို ထပ်ပြီးနှောက်ယှက်ခွင့်မပြုတော့ပဲ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက် နာကျင်မှုတွေကင်းဝေးကာ ပျော်ရွှင်မှုတွေသာ ရရှိနိုင်တဲ့ သာမန်ဘဝလေးအဖြစ်နဲ့ သာ ရှင်သန်ချင်မိသည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...