Unicode
~~~~~~~~ပိုးသတ်ဆေးရနံ့တွေ မွှန်ထူနေတဲ့ အခန်းအတွင်း၌ ဧကရာဇ်မောင် နိုးထလာခဲ့သည် ။ သူ့ရဲ့မျက်ဝန်းတွေကို ဖွင့်လိုက်သည့်အခါ သူ့ရဲ့အရှေ့မှာ အကာအကွယ်မျိုးစုံဝတ်ဆင်ထားသည့် ဆရာဝန်များရှိနေပြီး သူ့အားစမ်းသပ်မှုပြုလုပ်နေတာကို တွေ့လိုက်ရသည် ။
ဧကရာဇ်မောင် ထဖို့ပြင်လိုက်ပေမဲ့ သူ့ရဲ့တစ်ကိုယ်လုံးက စက်ကိရိယာများဖြင့် ထိန်းချုပ်ခံထားရ၍ လှုပ်လို့ပင်မရချေ ။ သူ့ရဲ့လက်နဲ့ခြေထောက်က အသေကောင်ပမာ ဖြောင့်တန်းနေကာ ဖိနှိပ်ခံထားရသည် ။
" ငါ့ကိုလွှတ်ပေး "
ဧကရာဇ်မောင်ရဲ့ ဒေါသတကြီးအော်လိုက်သည့်အသံက ဆရာဝန်တွေကို ထိတ်လန့်သွားစေကာ အားလုံးက ပြာပြာသလဲအပြင်သို့ ပြေးထွက်ကုန်ကြသည် ။ ခနနေတော့ ယံယံက ဦးဆောင်ကာ ပြန်ဝင်လာကြသည် ။
" ဧကရာဇ်မောင် မလှုပ်နဲ့ဦး ... မင်းကိုယ်မှာ ထိန်းချုပ်ကိရိယာတွေ တပ်ထားတယ် "
ထိုအခါမှ ဧကရာဇ်မောင်က ငြိမ်ကျသွားကာ သူ့အာရုံထဲ၌လဲ အဖြစ်အပျက်တွေအားလုံး ရှင်းလင်းစွာပေါ်လာသည် ။
သူမုဒြာကို ငိုယိုပြီးတောင်းပန်နေပေမဲ့ မုဒြာက သူ့ကိုထားခဲ့ဖို့ကိုသာ ရွေးချယ်လိုက်သည် ။ ထိုစဉ် လင်းရှိန်ရောက်လာကာ ဘာမှမဖြစ်သေးတဲ့သူတို့ကိုတွေ့သွားပြီး ဒေါသထွက်ကာ သူ့တပည့်တွေကို ကြာပွတ်ဖြင့်ရိုက်နှက်ခိုင်းခဲ့သည် ။
ဧကရာဇ်မောင်လဲ မုဒြာကိုပွေ့ဖက်ထားလျှက် ကြာပွတ်ရဲ့ရိုက်ချက်တွေကို သူ့ရဲ့ကျောဖြင့် ခံထားလိုက်သည် ။ ပြီးနောက်သူတို့ ၂ ယောက်လဲကျသွားကာ သူလဲပဲမေ့မြောသွားခဲ့သည် ။ ယံယံလဲဒီမှာရှိနေတော့ သူ့တို့ ကယ်တင်ခံရပြီး ငရဲလိုနေရာကနေ လွတ်မြောက်လာမှန်း သိသွားသည် ။
ဧကရာဇ်မောင်နဲ့ကုမုဒြာကို အရေးပေါ်ခေါ်လာရ၍ ယံယံရဲ့ဆေးရုံပေါ်ထိမသွားတော့ပဲ အနီးနားကဆေးရုံတစ်ခုမှာပဲ စစ်ဆေးနေခြင်းဖြစ်သည် ။ ဧကရာဇ်မောင်က ယံယံရဲ့လူနာဖြစ်တာကြောင့် ယံယံကိုယ်တိုင်ရောက်လာကာ ကြည့်ရှူးပေးနေခြင်းပင် ။ ကျောပြင်က ကြာပွတ်ရာတွေကို ဆေးထည်းပေးပြီးနောက် စိတ်အခြေအနေကိုစစ်ဆေးဖို့ပြင်နေကြခြင်းဖြစ်သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...