ဘီယာကြိုက်သူ ထက်ဝေယံကတော့ ဘီယာ ခွက်နှင့် ကျန်တဲ့သူတွေကတော့ အချိုရည်ခွက်တွေနဲ့သာ..လစာထုတ်ရက်မို့ လခစားတွေ ငွေထောတဲ့အချိန်ဖြစ်တာကြောင့် စားသောက်ဆိုင်တွေ လူစည်ကြလေသည်။ ဒါပေမယ့် လခစား ဆိုတာ ပြတ်သုံးလက်သုံး ၂၃ တဲ့
ရက် ၂၀ ကျော်ရင် အိတ်ကပ်ထဲ ငွေ  ၅ သောင်းတောင် မပြည့်ချင်တော့..ဇင်ယော်တော့ အခုခြောက်သိန်းဘယ်လောက်ကျန်မယ်မသိ နောက်လကျရင် လစာချည်းပဲ ၆ သိန်းသာရရင် အမေ့ကို  ၄ သိန်းတော့ သေချာပေါက်ပေးရမည်။ ဒီလ လိုမျိုး ပရောဂျက်အသစ်တစ်ခုလောက်ထပ်ရရင်တော့ မဆုိးဘူးပေါ့..ဒါပေမယ့်
ဘဝဆိုတာ အမြဲ ထီပေါက်နေလောက်အောင် ကံကောင်းတတ်တာမှမဟုတ်တာ..

ဒါကြောင့် အခုငွေလျှံတုန်းလေး သူငယ်ချင်းတွေကို ပြုစုပြီး
ကျန်တဲ့ လတွေမှာတော့ No no no ပေါ့..ဒီခြောက်သိန်းကိုလည်း နောက်ထပ်နှစ်လလောက် ပိုအောင် သုံးရအုန်းမည်လေ..
ပရောဂျက်က နှစ်လတစ်ခါလောက်တော့ လာကောင်းပါရဲ့..

"ဇင်ယော် နင် ထီထိုးပါလား "

စားနေရင်း ရုတ်တရက် ထပြောတဲ့ ရွှေဇင်ကို ဘာထဖောက်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တော့..

"ဟုတ်တယ်လေ စဥ်းစားကြည့် ပထမ အလုပ်စ ဝင်ဝင်ချင်း Ceo ကို သွားဖက်ပြီး ပြသာနာရှာတယ် အလုပ်ထုတ်မခံရဘူး အဲ်တာအပြင် ကုမ္မဏီက ပရောဂျက်မှာလဲ ဒီဇိုင်းက အရွှေးခံရသေး နင့်လောက်ကံကောင်းတာ နင်ပဲ ရှိတယ် အာ့ကြောင့် ကံကောင်းလက်စနဲ့ ထီထိုးကြည့်ပါလားလို့ ပြောတာ "

"ပေါက်ကရ တွေမပြောစမ်းပါနဲ့ဟာ ဟိုတလောတုန်းက Ceo အခန်းရောက်တော့ ငါ့ကို ကျိန်းသွားပြီးသား တော်လို့ တစ်ခါပဲ ခွင့်လွှတ်လိုက်မယ်တဲ့ နောက်တစ်ခါဆိုရင် တော့ အလုပ်ကို သူဖြုတ်စရာမလိုပဲ ငါကိုယ်တိုင် ထွက်စာတင်ရမှာ "

"အမှန်တော့ ကံကောင်းတာမဟုတ်ဘူး ရွှေဇင်ရ ဒီကောင်ကြီး ကံဆိုးနေတာ ဒီဇိူင်းရွေးခံရတာက ဒီကိစ္စတွေမဖြစ်လည်း သူပဲ ရွေးခံရမှာပဲ ငါတို့ကောင်ကြီး ဘယ်လောက်တော်တယ်ဆိုတာ အားလုံးလည်းအသိပဲ အမှန်ဆို ဒီကိစ္စတွေသာ မဖြစ်ခဲ့ရင် ရာထူးတောင် တိုးချင်တိုးအုန်းမှာ အဲ့တာ ကံဆိုးနေတာလို့ ခေါ်တယ်"

Start with Heart And End with Love Opowieści tętniące życiem. Odkryj je teraz