Unicode
~~~~~~~~" ထွက်သွား "
ကုမုဒြာသံကုန်ဟစ်ကာ အော်လိုက်သည် ။
" …… "
ထိုအခါမှ ဧကရာဇ်မောင်ဟာ လုံးဝငြိမ်သက်သွားကာ ပတ်ဝန်ကျင်က တိတ်ဆိတ်လို့သွားသည် ။ သူ့လက်မောင်းကို ဆုတ်ကိုင်ထားတဲ့ ဧကရာဇ်မောင်ရဲ့လက်တွေကလဲ တင်းကြပ်နေရာမှ တဖြေးဖြေး ပြေလျော့လာသည် ။ ဧကရာဇ်မောင်ရဲ့မျက်လုံးတွေက ရဲနေကာ မျက်ရည်တွေစီးကျလျှက် သူ့ကြောင့်မုဒြာပါ ဒုက္ခရောက်နေတာကိုမြင်ပြီး နာကျင်လာသည် ။
မုဒြာကတော့ ခန္ဓာကိုယ်နဲ့လက်မှာ သွေးတွေပေနေတဲ့ ဧကရာဇ်မောင်ဟာ သူ့ကိုသတ်ဖို့ရောက်လာတာဟုသာ ထင်နေပြီး ဧကရာဇ်မောင် သူ့အားလွှတ်ပေးလိုက်ချိန် အခွင့်ယူကာ ပြေးထွက်ဖို့ပြင်လိုက်သည် ။
ထိုအချိန်မှာပဲ ဧကရာဇ်မောင်ဟာ မုဒြာအရှေ့မှာ ဒူးထောက်ချလိုက်ပြီး မုဒြာရဲ့လက်ဖဝါးနုနုကိုဆုတ်ကိုင်လျှက် သူ့ရဲ့နှဖူးဖြင့်ထိကပ်လိုက်သည် ။ သူ့ပုံစံက သခင်ထွက်သွားမှာကိုကြောက်နေတဲ့ ခွေးတစ်ကောင်အလားပင် ။ ပြီးနောက် ဧကရာဇ်မောင်ထံက စကားသံထွက်ပေါ်လာသည် ။
" မင်းငါ့ကို ကြိုက်သလောက်ရိုက်ပါ … ဒါ … ဒါပေမဲ့ ငါ့အနားကနေ ထွက်မသွားပါနဲ့ မုဒြာ "
မုဒြာက ချက်ချင်းပဲ သူ့ရဲ့လက်ကို ဆွဲထုတ်လိုက်ပေမဲ့ ဧကရာဇ်မောင်ကတင်းကြပ်စွာကိုင်ထား၍ မလွတ်မြောက်နိုင်ပေ ။ သူဟာ အသက်ဘေးအန္တရာယ်နဲ့ ကြုံလာခဲ့ပြီးပြီမို့ နောက်ထပ်မိုက်မဲစွာ ထိုလူထံမှာ အရှုံးနိမ့်မခံချင်တော့ပေ ။
ဒီလူအပေါ် သူ့စိတ်သူ့ခန္ဓာအားလုံးနဲ့ နှစ်တွေအကြာကြီး အရှုံးပေးလာခဲ့ပြီးပြီ ။ ဒီတစ်ကြိမ်တော့ သူ့ရဲ့ရင်သွေးလေးအတွက် သူအနိုင်ယူနိုင်မှဖြစ်မည် ။ ထပ်ပြီးရှုံးနိမ့်၍မဖြစ်တော့တာကြောင့် ဧကရာဇ်မောင်ရဲ့ လုပ်ရပ်တိုင်းအပေါ် အယုံအကြည်မဲ့ကာ ချက်ချင်းပဲ ငြင်းဆန်လိုက်သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...