Unicode
~~~~~~~~ဒီနေ့ ဧကရာဇ်မောင်ရဲ့မွေးနေ့မှာ မုဒြာကိုယ်ဝန်ရှိနေတဲ့အကြောင်း ဝန်ခံရတော့မည် ။ အချိန်အတော်ကြာယူပြီးပြီမို့ ဘယ်လိုတုန့်ပြန်မှုပဲရရှိပါစေ မုဒြာခံနိုင်ရည်ရှိမည်ဟု ယုံကြည်ထားသည် ။ အရင်နှစ်တွေက ဧကရာဇ်မောင်မွေနေ့တွေမှာ ဈေးကြီးတန်ကိတ်တွေဝယ်ပေးခဲ့ပေမဲ့ ဧကရာဇ်ဟာ လက်ဖြားနှင့်ပင်မတို့ခဲ့ပေ ။
ဒီတစ်ခါတော့ သူတို့နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ကိတ်လုပ်နည်းသင်နေတဲ့မုဒြာကိုယ်တိုင် ဆရာဖြစ်သူထံကလေ့လာရသမျှနည်းလမ်းတွေကိုသုံးပြီး ကိတ်လုပ်ပေးလေသည် ။ တစ်ရက်အကြိုကမုဒြာစတင်ပြီး ကိတ်မုန့်လုပ်နည်း လေ့ကျင့်ခဲ့သည် ။ အဆင်ပြေပြေပြီးသွားပေမဲ့ အရသာကိုသိပ်ပြီးမနှစ်သက်သေး၍ ဧကရာဇ်စားနေကြကိတ်ဆိုင်သို့ထွက်လာခဲ့ပြီး သူတို့စားတဲ့အရသာကိုမေးမြန်းကြည့်ခဲ့သည် ။
နှစ်တွေအကြာကြီး သူဂရုစိုက်ပေးခဲ့တဲ့လူအတွက် နောက်ဆုံးနှုတ်ဆက်ချိန်လဲဖြစ်တာမို့ မုဒြာပြီးသလွယ်မလုပ်ချင်၍ ခုလိုဒုက္ခခံနေမိခြင်းဖြစ်သည် ။ ဒါဟာသူ့အတွက် နောက်ဆုံးသော ဂရုစိုက်မှုပင် ။ ထိုဆိုင်ကိုပဲ တစ်နေ့လုံးစာငှားလိုက်ကာ ဧကရာဇ်စားနေကြမုန့်အရသာနဲ့ကွက်တိကျအောင် လုပ်နည်းသင်ကြားပေးစေခဲ့သည် ။
အရောင်းဝန်ထမ်းမလေးတွေက ကုမုဒြာကိတ်လုပ်နေတာကို ချောင်းကြည့်ကာ တိုးတိတ်စွာဖြင့် ပြောနေကြသည် ။
" အဲ့ဒိသခင်လေးက ဥက္ကဌဟောင်းဦးကုဌေကြွယ်ရဲ့ မြေးသခင်လေးကုမုဒြာမဟုတ်လား … သူကအပြင်မှာအရမ်းချောတာပဲ "
" ဟုတ်တယ် … ဒီနေ့က ဥက္ကဌဧကရာဇ်မောင်ရဲ့ မွေးနေ့ဖြစ်မယ် … သခင်လေးမုဒြာကသူ့မိတ်ဖက် ဥက္ကဌကိုအရမ်းချစ်တာလို့ သူ့ဝန်ထမ်းတွေဆီကနေကြားဖူးတယ် … ကိုယ်တိုင်တောင်ကိတ်မုန့်လုပ်ပေနေတာပဲကြည့်လေ "
" ချန်းသာတဲ့လူတွေများ ကိုယ်တိုင်ကိတ်မုန့်ဖုတ်ပေးဖို့ တစ်ဆိုင်လုံးကိုတောင် အပျက်ငှားပြီး ကိုယ်တိုင်လာလုပ်တယ် … ကိတ်ကိုဝယ်လိုက်ရင်တောင်ငွေဒီလောက်မကုန်တာကို … အားကျလိုက်တာဟယ် "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...