"အော့...ရွံ့စရာ "
ပါးစပ်နားလက်တဖက်ဖြစ့် ပိတ်ဟန်ဆင်ကာ ပျို့သလို လုပ်ပြနေတဲ့ ဇေယျာကို ထိပ်ခေါင် လက်ခလယ်ထောင်ပြလိုက်တော့တယ်..။ ဒီကောင် သသာနာဖျက် ...။
ကျောင်းပိတ်တိုင်း ပြန်လာတက်တဲ့ ထိပ်ခေါင်က အခြားအပေါင်းသင်းတွေထက် သူ့ကို ပိုခင်တွယ်သည့် ၊ ငယ်သူချင်းတွေလည်းဖြစ့် အရင်းနှီးဆုံးတစိမ်းညီအကိုတွေလိုတောင် ခင်ကြသည့်မို့ ဆဲဆိုရိုင်းပျတဲ့ စကားသံတွေသူတို့ကြားပြသနာမရှိပေ...။
အခု ဒီကောင်ထိပ်ခေါင် ဒီနှစ်ပြန်လာမှ အရူးရင့်ပုံကို မြင်တွေ့ရတော့ ဇေယျာ လက်လန်နေရသည် ။ လမ်းတွေ့ရင်တောင် မိန်းမလှတွေကို မျက်စောင်းသာရွယ်မကြည့်တက်တဲ့ ကောင်က တီချယ့်ကို အသေရရအရှင်ရရရူးနေတော့သည် ။
ဒီကောင်ပုံကလည်း လေးနက်ကာ အတည်ကြီးဖြစ့်နေတာကို ဇေယျာသိသည့် ၊ သို့သော် မဖြစ်သင့်တာတွေမဖြစ်အောင် ထိန်းသိမ်းရမှာက သူငယ်ချင်းတစ်ယောက်ရဲ့ဖြစ်ပေ...။
ဆည်းဆာယံသို့ အစချီလာသော် အမှောင်ယံကဖြားဆင်းလာခဲ့၏။ဒူးတွေတုန်ကာတောင့်လာပြီးမို့ ဇေယျာဆက်မရပ်စောင့်နိုင်တော့ပါ ၊ အခုထိ တီချယ့်ထွက်အလာကို စောင့်မျှော်နေတဲ့ကောင်က ဇွဲကောင်နေသည် ။ ကြာတော့ စိတ်မရှည်လာတော့တဲ့ ဇေယျာ တီချယ့်အိမ်ဘက်ကိုသာ လှမ်းကြည့်နေတဲ့ ထိပ်ခေါင်နားကို လျှောက်သွားလိုက်တော့သည် ။
"ထိပ်ခေါင် ပြန်ကြရအောင်ကွာ ၊ အချိန်လည်းကြည့်ပါအုံး ငါဗိုက်ထဲမှာ စစ်ခင်းနေကြပြီးကွ ၊ တီချယ့်လည်း အပြင်ထွက်လာတော့မှမဟုတ်လောက်ဘူး "
ဇေယျာပြောမှ သတိထားမိသွားတဲ့ ထိပ်ခေါင် လက်ပတ်နာရီကိုငုံ့တွင်ကြည့်ကာ ဇေယျာကို ပြန်မော့ကြည့်လိုက်ပြီးတော့...
"ပြန်ကြတာပေါ့ကွာ ၊မနက်ဖြန်မှ ထက်စောင့်တော့မယ် "
"သဘော "ဟူဆိုပြီး ဇေယျာဆိုကာ ဆိုင်ကယ်ပေါ်တက်ခွထိုင်လိုက်တော့သည် ။ ဆိုင်ကယ်စက်နိူး၍ ထိုနေရာကနေ လှည့်မောင်းပြန်သွားသည့် ထိပ်ခေါင်တို့ မသိတာက ခြည် လှန်ပြီးရုတ်ဖို့မေ့နေတဲ့ အဝတ်စားတွေကို ဆင်းရုတ်သိမ်းနေတယ်ဆိုတာပါပဲ...။
part_6
Start from the beginning
