" အင့် ကိုကို..အီးဟီး...."တံခါးဖွင့်သံအဆုံး မြင်လိုက်ရတဲ့ မြင်ကွင်း၊ မျက်ရည်တွေနဲ့ငိုနေတဲ့ ကလေးငယ်။ ဆွဲဖက်၍ ရင်ခွင်တွင်း သွင်းမိသည်။ ကိုကို စိတ်ပူနေတာ...ကိုကို ဆိုပြီး ငိုနေတဲ့ ကလေးကို တင်းကျပ်စွာ ပွေဖက်၍ ချော့မြူမိသည်။ တိတ်ပါကလေးရယ်...ကိုကိုရှိတယ်လေ။
" ဘာလို့လဲဟင် ကလေး ဟင် ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော...."
ရင်ခွင်ထဲ ဆွဲထုတ်ပြီး ပါးပြင်ပေါ်ကခုန်နေတဲ့ မျက်ရည်တွေ ခပ်ဖွဖွလေးသုတ်ပေးရင် မေးမိတယ်။ ခေါင်းခါ၍သာ ဖြေနေတယ် ၊ မင်းလေးကိုစိုးရိမ်လွန်လို့ သေတော့မယ်။ ခုအခြေအနေ ဟိုကောင်တွေ မြင်ကြည့် ဘယ်လောက်တောင် ဟားလိုက်မလဲ ၊ ဒါမျိုးလား ကလဲ့စားချေမူကြီးဆိုပြီး။ ခုချိန် ကိုယ်ရင်ထဲမှာ မင်းမျက်ရည်တွေက နာကျင်ရလို့ပါ။တိတ်ပါကွာ...ငါကြောင့် လည်း မင်းငိုရအုံးမှာ...စိတ်ထဲမှာသာပြောမိသောစကားကြောင့် မျက်နာပေါ်ကစိုးရိမ်မူက မလုံမလဲထင်ဟပ်စွာ ။
" ကိုကို..."
" အင်း ကလေးပြော...ဘာလို့ငိုတာလဲဟင်..."" ကျွန်တော်...ကျွန်တော်လေ........."
"အင်း...ပြော..ကလေး""ကျွန်တော်....ကိုကို ကို့ချစ်တယ်...."
" ဘယ်လို ကလေး....ဘာပြောတယ်....""ဟုတ်တယ် ကိုကို ကို့ချစ်တယ်..."
ကျွန်တော်ချစ်ခြင်း မလှောင်ပါနဲ့လားကိုကို။ ပထမဦးဆုံးမို့ ပြက်ရယ် မပြုလိုက်ပါနဲ့လား..ကိုကို။ ကျွန်တော် မတန်မရာ ပြောမိပြီလား ၊ ကျွန်တော်လေ...တကယ်ချစ်နေမိတာပါ။ မဝံ့မရဲ အတွေးများစွာဖြင့် ကိုကိုမျက်နှာကို မကြည့်ရဲ။ ဘာပြောလိုက်မလဲ ဆိုတဲ့အသိက က အန္တာရယ်တခုခုကို တွေ့ဆုံဖို့ရာ ကြောက်လန့်နေသလို ခံစားချက်။ ဟင်းအင်း...မငြင်းပါလိုက် ကျေးဇူးပြုပြီး။
"ကလေး ခုနပြောလိုက်တဲ့အဓိပ္ပါယ်ကိုသိတယ်မဟုတ်လား ဟင်ကလေး"
ကိုကိုမျက်နှာကိုမော့မကြည့်ရဲ ၊ ခေါင်းငြိမ့်၍သာဖြေမိတယ်။ ဖွင့်ပြောမိတာ မှားများသွားပြီလား။ လက်သည်းထိပ်ကိုသာ တခြားလက်တစ်ဖက်နှင့် ကုတ်ဖဲ့၍သာ ကိုကိုဆီက စကားသံကိုနားစွင့်မိတယ်။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...