ဒီနေ့ ကိုကြီးသက်ကို ရောက်မယ်တဲ့။ ဝင်းထက်တို့အိမ်မှာတည်းပြီး မြို့လည်ပတ်ကြမယ်တဲ့။အနီးနားတွေလည်း လည်ကြမယ်။ အဖော်တစ်ယောက်တိုးပြီး လည်လည်ထွက်ရမယ်ကိန်း တွေးပြီး ပျော်နေမိတာ တစ်မနက်လုံး။ အရင်က တစ်ယောက်တည်းမို့ စိတ်မချလို့ ဘယ်မှမသွားရဘူး။ ဝင်းထက်ရှိပြန်တော့လည်း လူထူထပ်တဲ့နေရာတွေ မသွားရဘူးတဲ့၊ လူကွဲမစိုးကြောင့်တဲ့ ချီးပဲ ...စိတ်ပုတ်ကြတာလွန်ရော။
နေ့လည်က ဝင်းထက်တ်ု့အိမ်အလာ တစ်ယောက်ယောက်စောင့်ကြည့်သလိုခံစားရလို့လှည့်အကြည့် လူတစ်ဦး ကင်မရာတစ်လုံးနဲ့ ဦးထုပ်အမဲကိုဆောင်းထားတယ်။ ကျောပိုးအိတ်လွယ်ထားတာကြောင့် ခရီးသွားလား၊ ကျွန်တော်နောက်ကို stalk လိုက်တာလား ။ ကျွန်တော်စိတ်ထဲ ထင်နေလို့လား..။ဟူး..နောက်ဆို တစ်ယောက်တည်းမသွားတော့ဘူး ။
"ကိုကြီးသက်ကို..."
"ကောင်းပြည့်လေး...လာလေ အစ်ကိုအနား...အစ်ကိုလာလည်တာ စိတ်မရူပ်နေဘူး ဟုတ်""မဖြစ်ဘူး...လုံးဝမဖြစ်ဘူး ကိုကြီးသက်ကို...သား...အဲ ကျွန်တော်တို့ ပျော်တယ်ရယ်"
" အစ်ကိုက အားနာလို့ရယ် ...ကောင်းပြည့်လေးတို့ အနားယူချိန် ဖဲ့ပေးနေရမှာစိုးလို့ ..ဒီမှာလက်ဆောင်ပါတယ်"
" အလကားအပိုတွေ အားနာရင် ဘာလို့လာလဲ ဟက်""ဟဲ့ သား ဘယ်လိုပြောလိုက်တာလဲ ....မောင်သက်ကို ကိုအားနာစရာတွေဖြစ်ကုန်ပြီ...စိတ်ထဲမထားနဲ့ မောင်သက်ကို အန်တီတို့အိမ် စိတ်ကြိုက်နေလို့ရတယ်နော် အန်တီတို့ကအားနာ ရမယ့်လူတွေမဟုတ်ဘူး...အန်တီသားက စကားပြောမတက်တာ နားလည်ပေးပါကွယ်"
" အွန်း..အွန်...ဟုတ်တယ် သူက စကားပြောမတက်လို့ရယ် ကိုကြီးသက်ကို နားလည်ပေးနော် နယ်ရောက်တုန်း နေရာစုံလိုက်ပို့ပေးမယ်ဗျ...ဟီး"
" ကျေးဇူးပါ ကောင်းပြည့်လေး အစ်ကိုနားလည်တယ်နော် ...."" သေအောင်စားနေတာလား...လည်နှင်သေနေမယ် မင်းတစ်ခုခုဖြစ်ရင် မင်းအဖေက ငါကိုလာသတ်လိမ့်မယ်...တအားစားနေ ..ငကောင်း"
"ဟင့်...စားကောင်းလို့ပါ...မသေ..သေပါဘူးဆို...အင့်..တီတီ..သားကို..သူကပြောနေတယ်"

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...