Unicode
~~~~~~~~မုဒြာကဇွဲနဲ့အတူအပြင်ထွက်ကာ မုန့်လုပ်နည်းသင်ယူရန် ဆရာရှာနေသည် ။ လူများသည့်သင်တန်းတွေကိုလဲမတတ်ချင်တာကြောင့် အိမ်တော်ကိုလာရောက်သင်ကြားပေးနိုင်မဲ့ ဆရာတစ်ယောက် ရှာဖွေနေခြင်းဖြစ်သည် ။ ထိုစဉ်ယံယံထံကအသိပေးစာတစ်စောင်ကြောင့် မုဒြာအားလုံးကိုထားခဲ့ကာ အိမ်တော်သို့ပြန်လာခဲ့လေသည် ။
ယံယံပေးပို့လာတာက ဧကရာဇ်မောင်မေ့လဲသွားသည့်သတင်းဖြစ်သည် ။ မုဒြာပြန်ရောက်တော့ ယံယံကကုသလို့ပြီးသွား၍ အောက်ထပ်ကိုပင် ဆင်းလာခြေပြီ ။
" ယံယံ အခြေအနေဘယ်လိုရှိလဲ "
" အားနည်းပြီးလဲကျသွားယုံပါ … ခုစိတ်ပူစရာမလိုတော့ပါဘူး "
မုဒြာလဲ ထိုအခါမှ သက်ပြင်းချလိုက်ကာ အနောက်ကသူနဲ့အတူပါလာတဲ့ဇွဲအားကြည့်ကာပြောလိုက်သည် ။
" ဒီနေ့ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးပါဇွဲ … ဆရာနဲ့တွေ့နေချိန်မှ မုဒြာပြန်လာခဲ့မိလို့ ဇွဲကိုမျက်နှာပျက်စေခဲ့ပြီ "
" ရပါတယ် … လူတစ်ယောက်ရဲ့ကျန်းမာရေးကပိုအရေးကြီးတယ် … ဆရာကလဲနားလည်မှာပါ … နောက်ထပ်ကိုယ်ကောင်းတဲ့ဆရာထပ်ရှာပေးမယ် "
ယံယံကခနမျှရပ်ကြည့်နေပြီး မုဒြာပုံစံကအရင်ကလောက်ပြာပြာသလဲ အသည်းအသန်ဖြစ်မနေပဲ ဇွဲနဲ့တောင်စကားရပ်ပြောနေကာ တည်ငြိမ်နေ၍ မေးလိုက်သည် ။
" မင်းချစ်ရတဲ့မောင် မေ့လဲသွားတာတောင် အပြေးအလွှားသွားမကြည့်ဘူးလား မုဒြာ "
" သူအဆင်ပြေနေတယ်ကြားရင်ရပါပြီ … အနားယူပါစေ … ငါမနှောက်ယှက်တော့ဘူး "
ယံယံက မုဒြာခုလိုလစ်လျှူရှုနိုင်တာ ကောင်းတယ်ဟုချီးကျူးမိပေမဲ့ တာဝန်ဝတ်တရားအတိုင်း သူပြောခဲ့တာတွေကို မုဒြာအား ပြန်ပြောပြလိုက်သည် ။
" ငါသူ့ကို ရောဂါအခြေအနေအားလုံးပြောပြလိုက်ပြီ … သူ့ကြည့်ရတာ တကယ်မသိတဲ့ပုံပဲ … အစကသူမင်းကိုတောင် သံသယဝင်နေခဲ့သေးတာ … ဒါကြောင့် အစောကတည်းက ငါသူ့ကိုအားလုံးပြောပြဖို့မင်းကိုပြောတာပေါ့ "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...