လူပျိုကြီး...
ဥစ္စာပေါ...
ရုပ်ချော...
ကပ်စေးနှဲ...
အန်းဒိတ်...
နှုတ်ခမ်းမွှေးကားကားနဲ့ ဘဲကြီး...
သူကြီးသား အငယ်ကောင်။"ပြီးတော့ရော.."
"ဒါဘဲလေ"
"အသက်လေ..အသက်ကရော"
"၃၀ကျော်လောက်ရှိမှာပေါ့ဟယ်
အဖိုးကြီးပါ""ကြိုက်တယ်~"
"ဘယ်လို?"
"ငါကြိုက်တယ်လို့!"
"ဘိုရာ.. နင်စိတ်ထိန်းပါအုံး သူက ဒိတ်အောက်နေတဲ့ပုံတုံးကြီးနော်"
"လျှာမရှည်နဲ့ ငါ့ဆန်မုန့်နင့်ကိုကျွေးထားတာအလကားမဟုတ်ဘူး"
"အော်...နင်က နှုတ်ခမ်းမွှေးနဲ့ဘဲကြီးကို
ကြွေနေတာကိုးး""အေး နာမည်ကတော့ ငါ့ဘာသာစုံစမ်းမယ်"
"သူ့နာမည်ငါသိ.."
"တိတ်!ငါ့ဘဲကြီး နာမည်ကိုနင် ရေရွတ်စရာမလိုဘူး အိုခေတယ်နော် လစ်!"
"ကောင်မစုတ်!နင့်ကို အဲ့ဘိုးတော်ပြန်မကြိုက်ပါစေနဲ့"
"ဆုတောင်းလေ သမီး..ငါ့တို့မင်္ဂလာဆောင်ကျရင် တစ်ရွာလုံးကိုစည်တီးပြီး ကျွေးမယ့်အချိန်ကိုစောင့်နေလိုက်"
"အေး..ကြည့်ရသေးတာပေါ့ နွားပျို မြက်ရင့်
ကြိုက်တာအခုမှမြင်ဘူးတော့တယ် သွားပီ""ဟွန့်"
မြို့မှာပွဲစားလုပ်ပြီး သူ့အဖေဇာတိဖြစ်တဲ့ ရွာကို လွန်ခဲ့သော တစ်ပတ်ခန့်ကရောက်လာတဲ့
Crushအသစ်ကြီး။ရှပ်အင်္ကျီအဝါနဲ့ ဘောင်းဘီတိုအဖြူကိုဝတ်..
ရှိုးအပြည့်နဲ့ နှုတ်ခမ်းမွှေးကော့လန်လန်ကို
ဖိပွတ်ပြီး သူကြီးသားအငယ်ကောင်
ဆိုတာငါဘဲ ဆိုပြီး ဖြဲခြောက်၊
အခုတော့ အတိုးချေးစားနေပြီး တစ်ရွာလုံးကို
ဗိုလ်ကျပြီး
ဗိုလ်နှုတ်ခမ်းမွှေး ဟုနာမည်ကြီးသည်။ဗိုလ်နှုတ်ခမ်းမွှေး ကိုသဘောကျနေသူမှာ
ရွာက စွာစိလန် FAမ တစ်ယောက်ဖြစ်သည်။
ဘိုရာ..လို့အမည်တွင်ပြီး ရုပ်ရည်က
လှတပတလေးပေမဲ့ ကြိုက်မဲ့ဘဲမရှိ၊
စော်ကြည်သူလေး။