Chapter - 21

6K 562 78
                                    

Unicode
~~~~~~~~

ဒီတစ်ပတ်ပိတ်ရပ်၌ ကသစ်ပန်းဟာ အိမ်တော်မှာမနေပဲ အပြင်ထွက်သွား၍ ဇွဲကသူ့ရဲ့လူယုံကို သေချာစောင့်ကြည့်ပြီး သတင်းပေးဖို့ လွှတ်ထားလိုက်သည် ။

မုဒြာမတော်တစ ခြေချော်သွားပြီးကတည်းက ဇွဲဟာမုဒြာအား မျက်စိအောက်ကအပျောက်မခံပဲ ဂရုတစိုက်စောင့်ကြည့်ပေးသည် ။ သူစောင့်ကြည့်နေစဉ်မှာပဲ မုဒြာက အစားစားချစ်စိတ်မရှိတာမျိုး အော့အန်တာမျိုး ခနခနဖြစ်နေ၍ မသင်္ကာလို့မေးကြည့်လိုက်တော့ မုဒြာက အစာမကျေလို့ဟုသာ လိမ်ညာထားသည် ။ ကယကံရှင်ကိုယ်တိုင်ကထုတ်ပြောမလာတော့ ဇွဲလဲ ခုချိန်ထိ မုဒြာကိုယ်ဝန်လွယ်ထားရတာကို မသိပေ ။

ဇွဲကကျန်းမာရေးလိုက်စားသူမို့ မနက်တိုင်းလမ်းလျှောက်ထွက်တဲ့အကျင့်ရှိသည် ။ မုဒြာတို့အိမ်တော်က ပန်းခြံနဲ့နီး၍ ဇွဲကအမြဲပန်းခြံကိုသွားပြီး ပြေးကာလေ့ကျင့်ခန်းလုပ်သည် ။

ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့် ၈ နာရီထိုးမှထပြီး ပန်းခြံသို့ လေ့ကျင့်ခန်းလုပ်သွားရန်ပြင်နေချိန် မုဒြာရောက်လာပြီး သူလဲလိုက်ချင်ကြောင်း ဇွဲကိုပြောလာသည် ။

ကိုယ်ဝန်ရပြီးကတည်းက ဆရာဝန်ကလေ့ကျင့်ခန်းလေးပုံမှန်လုပ် လမ်းလေးလျှောက်ဖို့အကြံပေးပေမဲ့ မုဒြာမလုပ်ဖြစ်ခဲ့ပေ ။ ဇွဲနဲ့ဆိုရင်တော့ သူ့အတွက်လုံခြုံသလို လေ့ကျင့်ခန်းလဲ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်လိမ့်မည် ။

ဇွဲက အစကမုဒြာခြေထောက်ကလဲ ထိခိုက်ဖူးတော့ မပြေးပဲအိမ်မှာပဲနားဖို့ပြောပေမဲ့ မုဒြာက လေ့ကျင့်ခန်းလုပ်ပြီး လမ်းလျှောက်ချင်ယုံလေးမို့ ပန်းခြံအထိအတူလိုက်ခွင့်တောင်းလိုက်သည် ။ ဇွဲကလဲ ပြေးခွင့်မပြုပဲ ကားနဲ့ပဲအတူသွားကာ ပန်းခြံရောက်မှ အတူလမ်းဆင်းလျှောက်ကြသည် ။

မုဒြာက ဗိုက်ကလေးနည်းနည်းပူလာပြီမို့ အင်္ကျီကိုအပွဆုံးကိုရွေးဝတ်ထား၍ အရပ်ပုပြီးလူကောင်သေးတဲ့သူက ဇွဲလိုအရပ်ရှည်ပြီးလူကောင်ထွားတဲ့လူနဘေးမှာ ညီငယ်လေးနဲ့ပင်တူနေသည် ။

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum