Chapter - 20

6.5K 555 70
                                    

Unicode
~~~~~~~~

မုဒြာ ဧကရာဇ်မောင်နဲ့ဆက်နွယ်မှုပြုပြီးနောက် ယံယံဆီမသွားချင်၍ တစ်ခြားဆေးခန်းတစ်ခုထံသွားပြီး ကိုယ်ဝန်အခြေအနေစမ်းသပ်ကြည့်လိုက်သည် ။

ပုံမှန်အိုမီဂါတွေက ၅ လ ၆ လလောက်နှင့်မွေးဖွားနိုင်၍ မုဒြာရဲ့ ကိုယ်ဝန်က ၃ လရှိပြီမို့ ဗိုက်က ပူထွက်နေသင့်ပြီ ။ သို့ပေမဲ့ ပုံမှန်ထက် အနည်းငယ်သာထွက်နေသေး၍ ဆရာဝန်က  Ultrasound ရိုက်ကြည့်ဖို့အကြံပြုလာတော့ ရိုက်ကြည့်လိုက်တဲ့အခါ ကလေးလေးက အနည်းငယ်ကြီးလာလေပြီ ။ သို့ပေမဲ့ ဘာလေးလဲဆိုတာတော့ မသဲကွဲသေးပေ ။ ပုံမှန်အိုမီဂါတွေရဲ့ကလေးကြီးထွားနှုန်းထက် နှေးနေသေးသည် ။

အယ်ဖာရဲ့ဟော်မုန်းကို အမြဲရယူကာ ကလေးကိုကြီးထွှားလာအောင် ဂရုစိုက်ပေးဖို့ ဆရာဝန်ကအကြံပြုလိုက်သည် ။ မုဒြာလဲ ဆရာဝန်ရဲ့အကြံပေးမှုတွေကို ကျေးဇူးတင်ကြောင်းပြောပြီး မှတ်တမ်းတွေကိုယူကာ အိမ်သို့ပြန်လာခဲ့သည် ။

" ကုမုဒြာ "

အိမ်တော်ထဲဝင်လာစဉ် ကသစ်ပန်းက မုဒြာရဲ့အရှေ့ကနေပိတ်ရပ်လိုက်တော့ မုဒြာလက်ထဲကဖိုင်ကို သူမမမြင်အောင် အနောက်ကိုအမြန်ဖွက်လိုက်သည် ။ ခုတော့သူမက အရင်လို ဟန်ဆောင်ပန်ဆောင်နဲ့ သခင်လေးဟုပင်မခေါ်တော့ပဲ မောက်မာရိုင်းဆိုင်းလာသည် ။

အိမ်တော်မှာ ဇွဲနဲ့ဧကရာဇ်မောင်လဲရှိပုံမပေါ်သလို ဦးလေးမြတ်ပါမရှိနေတော့ သူမရဲ့ဘီလူခေါင်းက ရုပ်လုံးပေါ်လာတော့သည် ။ မုဒြာက သူမနဲ့မျက်နှာချင်းပင်မဆိုင်ချင်၍ ရှောင်ထွက်ရန်ပြင်တော့ သူမကမုဒြာအနောက်ကိုဖွက်ထားတဲ့ လက်ကိုဆွဲလိုက်ပြီး …

" ဘာတွေမို့ ဒီလောက်ထိဖွက်နေရတာလဲ "

" မင်းကိစ္စမဟုတ်ဘူး "

" ရှင်မောင့်ကို ဘာဆေးတွေကြွေးပြီး ပြောင်းလဲအောင်လုပ်လိုက်လဲမသိပေမဲ့ ရှင်သိထားရမှာက ခုမောင်လုပ်နေတာတွေအားလုံးက ရှင်နဲ့ဇွဲကိုအတူမမြင်ချင်လို့ အရွဲ့တိုက်နေယုံသပ်သပ်ပဲ … မောင့်ကရှင့်ကိုမုန်းနေတုန်းပဲ "

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum