အပိုင်း(၇)

Start from the beginning
                                    

" နင်သိလား ယွန်းရတနာ ခိုင် "

" ....."

" ငါ နင့် ကို ချစ်တယ် အယွန်း "

နောက်ပြီး အဝေ့ကိုရော
ညီအမလိုမဟုတ်ဘူး သူငယ်ချင်းလို မဟုတ်ဘူး သမီးရည်းစားလိုမျိုး
ပြူးကျယ်သွားတဲ့ ယွန်း၏ မျက်ဝန်းတွေဟာ သူသာ အဝေ့ကိုရောချစ်နေပါတယ်လို့ ဖွင့်ဟခဲ့သည်ရှိသော်ရွံစရာလို့ အမြင်ခံလိုက်ရမလား
ထွေး မသိချင်ခဲ့ပါ
ထွေး၏ နှလုံးသားမှာ ဒဏ်ရာတွေလက်ခံဖို့ရာ အားနည်းလွန်းတာကြောင့် ထွေး မသိချင်ပါ

" ထွေး ငါ "

"ဟင့်အင်း မပြောနဲ့ ငါက ဒီတိုင်းပြောထားရုံပါ"

ငူငူငိုင်ငိုင်ဖြစ်သွားတဲ့ ယွန်းကို ကြည့်လာတဲ့ ထွေး မျက်ဝန်းများဟာလည်း အသက်မဲ့နေခဲ့သည်။ ဒီ ဇာတ်ရှုပ်တစ်ခုက မစတင်ခင်ကတည်းက လွဲမှားနေခဲ့တာများလား အမျိုးသမီးရယ်။
ယွန်း၏ မျက်ဝန်းများထဲ ပုလဲရေကြည်တွေ ကိန်းအောင်းလာတဲ့အခါ ထွေးဟာ မျက်နှာလွဲသွားတော့သည်။ခနခန မငိုပါနဲ့လား အဝေသိရင် ထွေးကို အပြစ်‌တင်နေပါအုံးမယ် ယွန်းရယ်

" ငါ့ကိုယ်ငါ မုန်းလိုက်တာ !"

မျက်ရည်ကြည်တွေ ဟာ ထွေး၏ ပါးပြင်မို့မို့တွင် အကျည်းတန်စွာ နေရာယူသွားတော့သည်။ ထွေးသည် ဘေးတစ်စောင်း အနေထား ဖြင့် ပြတင်းပေါက်နားတွင် ထိုင်ကာစီးကရပ်ဖွာနေခဲ့သည်။လေပြေတွေဟာ ထွေး၏ ခပ်တိုတိုဆံသားများကို ဆော့ကစားရတာ သိပ်သဘောကျပုံပါ

ထွေးပါးပြင်ပေါ်က မျက်ရည်တွေ သုတ်ပေးချင်ပါသည်။
ထွေး၏ပါးပြင်ပေါ်တွင် မျက်နှာချေတွေအစား ပါးကွက်ကြားလေးသာ ရှိခဲ့သင့်တာပါ
လူတွေ ပြောနေကြသလို ထွေးဟာ အဲ့လိုမိန်းမ တစ်ယောက် မဟုတ်ကြောင်း ယွန်း အော်ပြောချင်ပေမယ့်လည်း ထွေးဟာ ညနေစောင်းလျှင် အဲ့ ယောင်္ကျားပျိုများရဲ့ စက်ဘီးတွေနောက်က ပါသွားစမြဲ

ထွေးဟာ သူ့ကို ချစ်ပါသည်တဲ့
ယွန်း အမြဲထင်ခဲ့တာ ထွေးဟာ အဝေ့ကို ချစ်နေပါသည်လို့ သို့သော်ကံကြမ္မာဇာတ်ဆရာဟာ ယွန်းတို့ကို လှည့်စားခဲ့ပုံပါ
အယွန်းလို့ တနူးတညံ့ခေါ်တတ်တဲ့ ထို နှုတ်ခမ်းပါးများဟာ အရင်လို ပန်းနုရောင်သန်းသေးရဲ့လား မဝံ့မရဲသိချင်ပါသည်။
အဲ့ အမျိုးသမီး၏ ပါးပြင်တွင်ယောင်္ကျားပျိုတွေရဲ့ အနမ်းတွေစွဲထင်ခဲ့ပါသေးလား စိုးရွံ့စွာ မေးကြည့်ချင်ပါသည်။သို့သော် မဝံ့ရဲခြင်းပေါင်းများစွာနဲ့ထိုအရာများမှာ အတွေးတွေသက်သက်သာ ဖြစ်ခဲ့ရပါသည်။

'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆွေး' [Complete]Where stories live. Discover now