Unicode
~~~~~~~~ဇွဲရဲ့ ရုံးသစ်ဖွင့်ပွဲမှာ ရွေးချယ်ခန့်အပ်ပြီးဖြစ်တဲ့ ဝန်ထမ်းအသစ်တွေနဲ့ လက်တွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်တစ်ချို့ကိုဖိတ်ခေါ်ကာ ဧည့်ခံကြွေးမွေးပြီး မိတ်ဆက်ရမှာဖြစ်သည် ။ ဇွဲတို့မိသားစုလုပ်ငန်းဟာ အရင်ကတည်းက နာမည်ရှိပြီးသားအဖွဲ့အစည်းဖြစ်သလို သူတို့ထုတ်လုပ်သည့် အိမ်အသုံးအဆောင်ပစ္စည်းအမြောက်အများဟာလဲ နာမည်ကြီး အမှတ်တံဆိတ်တွေသာဖြစ်ကြသည် ။
ဂျပန်က ဖခင်ရဲ့လုပ်ငန်းထံကနေ ခွဲယူပြီး မြန်မာပြည်မှာ အခြေချကာ ဇွဲကဦးဆောင်၍စီးပွားရေးပြုလုပ်မှာမို့ စီးပွားရေးနယ်ပယ်က လူတစ်ချို့နဲ့ဇွဲ တွေ့ဆုံပြီး ရင်းနီးမှုရယူရန်ရည်ရွယ်ထားသည် ။
ဇွဲရဲ့ရုံးသစ်တက်ပွဲက ရိုးရိုးရှင်းရှင်းပဲဟုတွေးထားပေမဲ့ လက်တွေ့မှာလူတွေစည်ကားနေ၍ မုဒြာရောက်ရောက်ခြင်း စိတ်အတော်ကျည်းကြပ်နေသည် ။ ၃ နှစ်လုံးအိမ်တွင်းပုန်းလာခဲ့ပြီး ပထမဆုံး အိမ်တော်မှာမဟုတ်တဲ့ပွဲကို သွားရသည့်နေ့မှာပဲ လူတွေရဲ့အကြည့်စူးစူးတွေအောက်မှာ ရပ်နေရသည် ။
သူ့ရဲ့ဘေးမှာ တောင့်တောင့်ကြီးရပ်နေတဲ့ မုဒြာကိုမြင်တော့ ဇွဲကတိုးတိုးလေးမေးလိုက်သည် ။
" မုဒြာ … အဆင်ပြေရဲ့လား "
" ဒီလိုလူတွေအများကြီးလာမယ်လို့ ဘာကြောင့်ကြိုမပြောတာလဲ "
" ဒါက ကို့အဖေစီစဉ်ထားတာ … ကိုယ်လဲမေ့သွားတယ် သူကပွဲတွေလုပ်ရတာကြိုက်တယ်လေ … ဒါကြောင့်ဒီပွဲကိုသူကိုယ်တိုင်စီစဉ်ထားတာ … ကိုယ်ဒီလောက်ပွဲကြီးကြီးလုပ်ပေးထားမယ်လို့မထင်လိုက်ဘူး "
" ခုရောက်နေမှတော့ ဒီတိုင်းပဲနေရတော့မှာပေါ့ "
" အင်း …… ဒါဆိုအကို့ဘေးမှာပဲနေနော် မကြောက်နဲ့ … အသိမိတ်ဆွေတွေနဲ့မိတ်ဆက်ပြီးရင် မုဒြာကိုပြန်နားခိုင်းမယ် "
မုဒြာလဲ ဇွဲရဲ့နောက်မှာပဲနေကာ သူ့ရဲ့မိတ်ဆွေတွေနဲ့ မိတ်ဆက်စကားပြောနေတာကို စောင့်နေပေးသည် ။ သူကအတွင်းရေးမှူးတစ်ယောက်မို့ တာဝန်ကသူဌေးအနားမှာ ရှိနေပေးယုံသာ ။ စကားဝိုင်းမှာ ဝင်ပါစရာမလိုပေ ။ သို့ပေမဲ့ လူတစ်ချို့ရဲ့အကြည့်တွေက သူ့ထံကျရောက်လာကာ ဝင်မပါချင်ရင်တောင်မှ ဝင်ပါရတော့မည် ။ အကြောင်းက သူ့အားကြည့်ကာ မေးလာခြင်းကြောင့်ပင် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...