"မှာထားတာ​တွေ ရပါပြီဗျ"

"ဒါနဲ့ ဒီမှာ Kofiဆိုတဲ့ ကပ္ပလီကြီးရှိလား။ လူ​ကောင်ထွားထွားနဲ့ မင်းသိမှာပါ"

"​ဪ...ကျွန်​တော်တို့ ကျွန်​ခေါင်းကို ​ပြောတာထင်တယ်။ ကျွန်​တော်​ခေါ်​​ပေးရမလား"

"​အေး လုပ်ပါကွာ။ ဒီမှာ မင်းအတွက်..."

ပြည်နယ်​ငွေစက္ကူအနည်းငယ်ထုတ်​ပေး​တော့ စားပွဲထိုး​လေးက ​ကျေနပ်သွားသည်။

မကြာခင်မှာပဲ Kofiဆိုတဲ့လူ ထွက်လာသည်။
တမြန်​နေ့တုန်းကပုံစံအတိုင်း ဘာမှမ​ပြောင်းလဲ။ အသားမည်းမည်း နှုတ်ခမ်းထူထူနဲ့ မျက်လုံးပြူးပြူး။

"Kofi ထိုင်ဦး​လေ"

"ကျွန်​တော်တို့ ထိုင်လို့မရဘူးဗျ"

​တောင်ပိုင်းလူ​နေမှုစနစ်က တစ်ခါတရံ ဂွကျလွန်းသည်။
လူမှုအဆင့်အတန်း​ခွဲခြား​ရေးမှာ သူအားနည်းသည်။

"ငါထိုင်ဆို ထိုင်စမ်းပါကွာ"

"ကျွန်​တော့်ကို ​ခေါ်တယ်ဆိုလို့"

ကပ္ပလီကျွန်​တွေက သဒ္ဒါမှန်​အောင်မ​ပြောတတ်သလို စကားလုံး​တွေက ခပ်ကြမ်းကြမ်းခပ်ရိုင်းရိုင်း။

"ငါ့ကို မှတ်မိတယ်​မလား။ တမြန်​​နေ့က ​တွေ့​သေးတယ်​လေ"

"သခင်​လေးရဲ့လူပဲ ကျွန်​တော်သိပါတယ်"

"မင်းကို အကူအညီ​တောင်းဖို့ ​ရောက်လာတာဆိုပါ​တော့"

"ကျွန်​တော့်လိုကျွန်က အစ်ကို​လေးတို့ကို ကူညီနိုင်တာ ရှိလို့လား"

"ရိုးရှင်းပါတယ်။ ငါက မင်းသခင်​လေးရဲ့ ငယ်ဘဝအ​ကြောင်းပဲ သိချင်တာ"

Kofiမျက်နှာမှာ ၂စက္ကန့်​လောက် အံ့ဩရိပ်သန်းသွားပြီး ​ပျောက်သွားသည်။
သူ့မျက်နှာအ​နေအထားကို ပြင်လိုက်တာပင်။

"သခင်​လေးငယ်ငယ်က အတ္တလန်တာရဲ့ အချစ်​တော်​လေးပါပဲ။
ကျွန်​တော်က နှင်းဆီမြိုင်က အိမ်​စေကျွန်​ဗျ။
သခင်ကြီး Levan၀ယ်ခဲ့တဲ့ကျွန်ယုံ​ပေါ့ဗျာ"

သူ့မျက်ခုံး​တွေ မြှင့်တက်သွားရသည်။ Kofiက အတ္တလန်တာက အိမ်​စေမဟုတ်။
နှင်းဆီမြိုင်က အိမ်​စေဖြစ်ပြီး ချာတိတ်အ​ဖေ​ရဲ့လူ။
ဒီလိုဆို ချာတိတ်အ​ဖေနဲ့ အန်ကယ်Aidenကြား အဆင်မ​ပြေဖို့က ဖြစ်နိုင်များ​​နေ​လေပြီ။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now